2.4K 228 2
                                    

ဝေဠုဝတ္တ နန်းတော်ထဲမှာတော့ အေးချမ်းသာယာသည့်အသွင် ဆောင်နေသော်ငြား  အနောက်နန်းဆောင်တော်တွေထဲတွင်  မုန်တိုင်းမထန်ခင် လေပြည်တို့လာနေသကဲ့သို့ပင်။ ၁နှစ်သားအရွယ် အိမ်ရှေ့စံလေးဟာ အချီတော် အချော့တော် တွေကြား ရယ်မောပျော်ရွှင်နေခိုက်  သလွန်ထက်တွင် လျောင်းစက်နေသော မိဖုရားကြီးက မြောက်နန်းဆောင်ဘက်မှ သတင်းများကို နားစွင့်နေလေသည်။

" မြောက်နန်းမိဖုရား  ဖွားမြင်ခါနီးပြီမဟုတ်လား ဘာတွေများ အထွေအထူးရှိနေသလဲ  "

" မြောက်နန်းသခင်မက အိပ်မက်တွေမကောင်းတာကြောင့်   မိခင်ရဲ့မွေးရပ်မြေကို ခဏပြန်နေခွင့်တောင်းခံထားကြောင်းပါ ဘုရား  "

" ဘယ်လို  အိမ်မက်မကောင်းဘူး ဟုတ်စ  "

" မှန်ပါ  မိခင်ဘက်က ကိုးကွယ်ရာ အရှင်မြတ်တစ်ပါးထံ ပစ္စည်းလေးပါးကပ်လှူပြီး  ကုသိုလ်ကောင်းမှု ပြုဖို့လည်း ကြံရွယ်ပါတယ်တဲ့ ဘုရား  "

အနားရှိ အပျိုတော် တစ်ဦးထံမှ နံ့သာထုံမွှမ်းထားသော ဆင်စွယ်ယပ်တောင်ကို လှမ်းယူကာ  တဖျပ်ဖျပ် ခပ်ရင်း သလွန်ထက်မှ ထလာသည်။  လေသာပြတင်းဝအနားလျှောက်သွားကာ မြောက်နန်းဆောင်ရှိရာဆီ အကြည့်ပို့ရင်း အေးစက်စက် စကားသံထွက်ပေါ်လာသည်။

" အိုး...   သင်းက လုံခြုံမယ့်နေရာကို သွားချင်နေတာပဲ   သည်တိုင်းပြည်ရဲ့ အရာအားလုံးကို  အုပ်စိုးနိုင်တဲ့ မိဖုရားခေါင်ကြီးပါ....  ဘယ်နေရာကများ လုံခြုံဦးမှာလဲ  "

အထိန်းတော်ကြီးက အနားတိုးကပ်ကာ လျှောက်တင်သည်။

" ကျွန်တော်မျိုးမတို့  ဘာတွေဆက်လုပ်ထရမလဲ ဘုရား "

" ထားလိုက်ပါဦး   စိတ်အေးသက်သာစွာနဲ့ ဖွားမြင်ပါစေဦး   သားတော်လား သမီးတော်လား သေချာမှ  ဆက်လှုပ်ရှားလည်း နောက်မကျသေးပါဘူး   "

မိဖုရားခေါင်ကြီးအရာ ရထားပြီး  သားတော်ဟာလည်း အိမ်ရှေ့စံအရာလျာထားခံရပြီဖြစ်သော်ငြား သူ   စိတ်မအေးချမ်းနိုင်ပါ။ အိမ်တော်ပါမိဖုရားဖြစ်တဲ့ မြောက်နန်းစံကို  ဘုရင်မင်းမြတ် မည်မျှ နှစ်သက်မြတ်နိုးသည်ကို သူ အသိဆုံး။ ထို့ကြောင့်လည်း  မနာလိုဝန်တိုမိသည်။ မြောက်နန်းစံသာ  သားတော်ဖွားမြင်ခဲ့လျှင်  သူ့နေရာကို ခြိမ်းခြောက်လာနိုင်သည်။  သူဟာ အရှင် မကြင်နာ သည့်ပန်းတစ်ပွင့်   ... မည်မျှပင် တော်ဝင်ပန်းဖြစ်နေပါစေ အရှင် မကြင်နာမှတော့  အချိန်တန်လျှင် ညှိုးနွမ်းသွားပေမည်။

တပင်တိုင်နန်း..စံမြန်းလေသူ _Completed Where stories live. Discover now