၁၃

2.1K 217 14
                                    

ဆီမီးရောင်တို့ကို တမင်သက်သက်မှေးမှိန်ထားကာ  အလင်းရောင်ရရုံလေး ထွန်းညှိထားသော နန်းဆောင်ထဲဝယ် ဘုရင်မင်းမြတ်နှင့် မဏိသိင်္ဂ သားအဖနှစ်ဦးသာ ရှိနေခဲ့သည်။ သလွန်တော်ထက်ပင် မထိုင်နိုင်ဘဲ ဟိုသည်လမ်းလျှောက်ရင်း စကားဆိုနေသူ ဖခမည်းတော်အား  စိတ်သက်သာရာရစေဖို့ နှစ်သိမ့်လာသည်။

" နည်းလမ်းတစ်ခုခု ရှာတွေ့မှာပါ ခမည်းတော် စိတ်ကိုလျှော့ပါ  "

" အစကတော့ တပင်တိုင်မင်းသမီးဟာ နတ်ရွာစံလွန်ကြောင်း လုပ်ကြံပြီး  သားတော်ကို  ကိုယ်လုပ်တော်ဖွား မင်းသားအဖြစ် တရားဝင်ခေါ်ဆောင်ဖို့ ကြံရွယ်ထားတာ  အခုတော့ ခက်ပြီ  "

" လက်ဆက်ပွဲကို ငြင်းဆန်ရင်ရော ဘုရား  "

တိတ်ဆိတ်နေသော ညဝယ်  ဘုရင်မင်းမြတ်၏သက်ပြင်းချသံက ကျယ်လောင်စွာပေါ်ထွက်လာသည်။

" သူရနရာဇ် နဲ့ လက်ဆက်ဖို့ ငြင်းဆန်ခဲ့ရင်လည်း  မင်း နောင်တော်နဲ့ လက်ဆက်ရမှာပဲ သားတော်   အရွယ်ရောက်တဲ့ မင်းသမီးတစ်ပါးအနေနဲ့  လက်ဆက်ထိမ်းမြားရမှာ မလွဲမသွေဘဲ  "

သားအဖနှစ်ယောက်စလုံး ကြံရာမရဘဲ နှုတ်ဆိတ်သွားကြသည်။ အစီစဥ်တကျဖြစ်လုဆဲဆဲမှပဲ  နဒီဝဠာတိုင်းရဲ့ အိမ်ရှေ့စံက ပေါ်လာသည်။

" ခမည်းတော်   သားတော်ကတော့ ဒီလို အကြံရတယ်  "

" လျှောက်တင်ကြည့်စမ်းပါဦး  "

" လက်ဆက်ပွဲကို လက်ခံလိုက်ပါ ခမည်းတော်   တစ်ဖက်တိုင်းပြည်ကို သွားတဲ့လမ်းမှာပဲ လုပ်ကြံမှု တစ်ခုခု ကြံစည်ပြီး  တပင်တိုင်မင်းသမီးသေဆုံးကြောင်း  အတုပြုလုပ်လို့ ရနိုင်ပါတယ်  "

" အင်းး အသင့်တော်ဆုံးနည်းလမ်းက သည်တစ်နည်းပဲ ရှိပါရဲ့   သူရနရာဇ် မပြန်ခင်   ဂရုတစိုက်နဲ့ သတိထားပြီးဆက်ဆံပါသားတော် "

" မှန်ပါ   "

ခမည်းတော်နှင့်တိုင်ပင်စဥ်ကတော့ အစစအရာရာ အဆင်ပြေမည့်ပုံပင်။ နောက်ရက်မနက်  သူရနရာဇ် နှင့်တွေ့ဆုံတော့မှ ထက်မြတ်လှသည့် အိမ်ရှေ့စံကို အတော်လေးသတိထားရမည်ဖြစ်ကြောင်း သဘောပေါက်လာသည်။ ပြုံးစစမျက်နှာထားနှင့် အရာရာကို ပေါ့ပေါ့ပါးပါးဖြတ်သန်းနေဟန်တူသော်လည်း စူးရှနေသည့် မျက်ဝန်းအစုံကတော့ အင်မတန်ပါးနပ်ကာ သတိကြီးသူဖြစ်ကြောင်းသိနိုင်ပေသည်။

တပင်တိုင်နန်း..စံမြန်းလေသူ _Completed Where stories live. Discover now