၁၆

2K 203 7
                                    

"  အဲ့ဒီတော့  မင်းကြီးကိုယ်တိုင်က လှည့်စားခဲ့တာပေါ့ "

လျှို့ဝှက်အထောက်တော်၏ လျှောက်တင်ချက်ကို နားထောင်ရင်း  တဆတ်ဆတ်တုန်ယင်သည်အထိ ဒေါသထွက်ကာ အံကိုတင်းတင်းကြိတ်ထားပါသည့် မိဖုရားကြီး ။ နှစ်ပေါင်းများစွာ ဖုံးကွယ်ထားသည့်အချက်ကို သိလိုက်ရသည့်အခါ  ဘုရင်မင်းမြတ်၏ကြံရွယ်ထားသော ခြေလှမ်းတို့ကို မှန်းဆလိုက်မိသည်။ တပင်တိုင်မင်းသမီးဟာ ဘယ်တုန်းကမှ မရှိခဲ့လေဟန် ပြည်ဖုံးကားချပစ်လိုက်ကာ  မင်းသားတစ်ပါးအဖြစ် ပြောင်းလဲ ပေါ်ထွက်ရန် ပြင်ထားပေလိမ့်မည်။ ကြားထဲမှာ မမျှော်လင့်ထားခဲ့သည့် အနှောင့်အယှက်က. အိမ်ရှေ့စံ သူရနရာဇ် ။ ဒီတော့  ဘုရင်မင်းမြတ်တို့ရဲ့ အကြံအစည်က နောက်ရွှေ့လိုက်ရပုံပင်။

" စုဖုရား   ဟင့်အင်း    အဲ့ဒီမင်းသားရဲ့ ခြေလှမ်းတွေကို စောင့်ကြည့်ထားစမ်း     "

တစ်ပတ်လျှို ထုံးထားသည့် ဆံနွယ်တွေကို ပွတ်သပ်ရင်း  ကြေးမုံပြင်ထဲရှိ မိမိရုပ်သွင်ကို ငေးကြည့်မိသည်။ ရာဇသွေးမို့ ရွှေလင်ဗန်းနဲ့ အချင်းဆေးခဲ့ရတဲ့ မိမိလို လူအတွက်  သာမာန်အရပ်သူနှင့် နှိုင်းယှဥ်လျှင်  ရှုံးရသည်ကို  မုန်းတီးမိသည်။ မြောက်နန်းမိဖုရားဆိုသည်က မိမိရင်ထဲမှ ဆူးငြောင့်တစ်ခုပင်။ ဖယ်ရှားနိုင်ခဲ့တာတောင်မှ သွေးစက်က စီးကျနေဆဲ။ ရင်ထဲမှ ဒဏ်ရာကို ဆားဖြူးနေသူက ချစ်လှစွာသော မောင်တော်ဘုရင်မင်းမြတ်။

စောင့်ကြည့်လိုက်စမ်းပါ မောင်တော်  သည်မိဖုရားကြီးကို  လာကျောနိုင်တဲ့သူ မရှိဘူး။

" မှူးမတ်တွေကို ဆင့်ခေါ်လိုက်   အရင်လို  နန်းဦးကျောင်းမှာပဲ  အရှင်မစောင့်ဆိုင်းနေမယ်လို့   "

နံနက်အာရုဏ်တက်သည့်အချိန်  ဆွမ်းအုပ်နှင့် လှူဖွယ်ပစ္စည်းအချို့ကိုသယ်ဆောင်ကာ  အခြွေရံတစ်သိုက်ဖြင့် နန်းဦးကျောင်းဘက် ထွက်လာသည့် မိဖုရားကြီး ။ ကျောင်းထိုင်ဆရာတော် ကို ဦးတိုက်ပြီးနောက်  ကျောင်းတော်အနောက်ဘက်ရှိ ခင်တန်းငယ်ဆီသို့ တိတ်တဆိတ်ထွက်ခွာသွားသည်။  ဇရပ်အိုတစ်ခုရှေ့သို့ ရောက်သောအခါ အနားမှာပါလာသည့်  အထိန်းတော်ကြီးကို  အပြင်မှာ ရပ်​စောင့်နေရန် အချက်ပြလိုက်ပြီး   အတွင်းဘက်သို့ ဝင်သွားခဲ့သည်။

တပင်တိုင်နန်း..စံမြန်းလေသူ _Completed Where stories live. Discover now