၃၄

2.2K 189 15
                                    

မြို့ရိုးတံခါးပိတ်သွားခဲ့ပေမယ့် မြို့တော်အတွင်း ရှိ လမ်းများထက်တွင်မူ ပျားပန်းခပ်မျှ သွားလာလှုပ်ရှားနေသူများက ရှိနေဆဲ။ မြင်းဇက်ကြိုးကို ဆွဲလို့ ​လမ်းလျှောက်လာရင်း ဘေးဘီဝဲယာကို စူးစမ်းကြည့်နေမိသည်။ မြစ်ကမ်းနဘေးတွင် တည်ရှိနေသော နန်းမြို့တော်ဖြစ်လေရာ ရွှံ့စေးဖြင့်ပြုလုပ်ထားသော အသုံးအဆောင်ပစ္စည်းများ ရောင်းချနေသည်ကို နေရာတိုင်းတွင် တွေ့နေရသည်။ အိမ်ရှေ့စံအိမ်တော်ထဲတွင်သာ နေပြီး  အပြင်ထွက်ခဲ့သည်မှာ ရှားပေသည်မို့  ယခုမှသာ  အေးအေးဆေးဆေး ​ပတ်ကြည့်ခွင့်ရခဲ့သည်။

ဝေဠုဝတ္တတိုင်းကတော့ သစ်တောဝါးတောတွေပေါများသည့် နေရာဖြစ်သဖြင့် သစ်ပင်ဝါးပင်နဲ့ပြုလုပ်ထားသည့် ပစ္စည်းတွေသာ ပေါများပေသည်။ ငယ်စဥ်အခါက တပင်တိုင်နန်းဆောင်ထဲတွင် ပုန်းအောင်းနေရစဥ်  ဆော့ကစားမည့်အဖော်မရှိလေရာ ခမည်းတော်ယူဆောင်လာခဲ့သည့် သစ်သားရုပ်တွေကိုသာ အဖော်ပြုခဲ့ရသည်ကို တွေးမိပြန်သည်။

" သားတော် ဘယ်လိုလုပ်ရမလဲ ခမည်းတော်
အရာအားလုံး နေရာတကျဖြစ်တော့မယ် ဆိုပေမယ့်   သားတော် မဆုံးဖြတ်နိုင်သေးဘူးဘုရား     "

" ဟဲ့  ယနေ့ ဧကဝတ္တတိုင်း က မင်းသမီးရောက်လာသတဲ့ တော့်   "

" ဟယ်  အဲ့သည်တိုင်းပြည်ကလူတွေနှယ်  မျက်နှာမပူပေဘူး   "

ရေခပ်ပြန်လာသည့်မိန်းမကြီးတစ်သိုက်ရဲ့ စကားသံများကို ကြားလိုက်သည့်အချိန်  မသိမသာပင် နားစွင့်နေလိုက်သည်။

" အရင်တစ်ခါက ကျုပ်တို့မင်းသမီးကလေးကို လက်ဆက်ဖို့ လာတောင်းတယ်  သည်တစ်ခါက သူတို့ဘက်က မင်းသမီးကို ပြန်လာပို့သတဲ့   "

" မှန်ပေရဲ့လား  အမိရယ်  "

" ကျုပ်အိမ်သားက အမတ်ကြီးအိမ်က ငယ်ကျွန်လေတော်    "

မင်းသမီး မုဒြာ  နန်းတော်ထဲကို ရောက်နေသတဲ့လား။ အမှန်တကယ်ပဲ အိမ်ရှေ့စံနဲ့ လက်ဆက်စေဖို့များလား ။ တွေးရင်းနဲ့ ခြေလှမ်းတွေကို ခပ်မြန်မြန်လျှောက်ကာ အိမ်ရှေ့စံ အိမ်တော်ဆီ ဦးတည်ခဲ့တော့သည်။ အိမ်တော်အပေါက်ဝတွင် ဆီးကြိုနေသည့် စောလှလက်ထဲ မြင်းကိုအပ်လိုက်ကာ

တပင်တိုင်နန်း..စံမြန်းလေသူ _Completed Where stories live. Discover now