၂၃

2K 195 5
                                    

တူရိယာသံငြိမ့်ငြိမ့်ညောင်းညောင်းနှင့်အတူ လှလှပပ ကွေးညွတ်ကပြနေသော ကချေသည်များဟာ ကွင်းပြင်အလယ် မီးရောက်အောက်တွင် နတ်သမီးများအလား လှုပ်ရှားနေကြသည်။ နဒီဝဠာတိုင်းနှင့် ဧကဝတ္တတိုင်း တို့ နှစ်နိုင်ငံမဟာမိတ်ပြုသည့်လက်ဆက်ပွဲတွင် နယ်ခြားပယ်ခြားမှ လူမျိုးများပင်တက်ရောက်ခဲ့ကြသည်။ တေးသီချင်းသံများနှင့် စကားပြောသံများကြောင့် ပွဲကျင်းပရာ နေရာတစ်ခုလုံး ဆူညံလို့နေပေသည်။ သူရနရာဇ် ကမူ ယစ်ရွှေရည်ကို မထိတထိသောက်နေရင်းက နှမတော်ထိပ်စုမြတ်ဘုရားကို အကဲခတ်နေသည်။ လူအများကြီးကြောင့် စိတ်လှုပ်ရှားနေသည်မှ အပ အခြားထူးခြားမှုကိုမတွေ့ရ။ ထူးဆန်းနေသည်က ဧကဝတ္တတိုင်း မှ နန်းသွေးများပင်။ ထိပ်စုမြတ်ဘုရား ၏ နံဘေးတွင်ရှိနေသော အိမ်ရှေ့စံယုဒ္ဓဟာ ထိပ်စုမြတ်ဘုရားကို တစ်ချက်တောင်ငဲ့မကြည့်လေဘဲ ယစ်ရွှေရည်သောက်သုံးကာ ကချေသည်အလှလေးအား တဏှာရမ္မက်မျက်ဝန်းများဖြင့်ကြည့်နေချေသည်။ ထိုအခိုက် မင်းသမီးမုဒြာကတော့ ထိုစုံတွဲကို မျက်တောင်မခတ်တမ်းစိုက်ကြည့်နေခဲ့သည်။ရမ်းကားတတ်သော မောင်တော်အား စိတ်မချသဖြင့် စောင့်ကြည့်နေခြင်းပဲလား မပြောတတ်။

တစ်ညလုံးကျင်းပခဲ့သော ပွဲတော်ကြောင့် နောက်ရက်မနက်တွင် နန်းတော်အတွင်းရှိအမှုထမ်းများအားလုံးပင်ပန်းနေကြလေပြီ။ အနားယူနေသောခမည်းတော် မယ်တော်တို့အား နှုတ်မဆက်တော့ဘဲ နဒီဝဠာတိုင်းကိုသာ ပြန်ခဲ့တော့သည်။ ခမည်းတော်တို့က ဧကဝတ္တတိုင်း တွင် ရက်အနည်းငယ်နေရစ်ခဲ့ဦးမည်ဖြစ်၍ နန်းတော်သို့ အမြန်ပြန်ရပေမည်။ ထိပ်စုမြတ်ဘုရားကို ထားခဲ့ရမည်အား စိတ်မချသော်ငြား ခမည်းတော်တို့ ကျန်ရစ်နေခဲ့သဖြင့် အတော်လေးကို စိတ်အေးမိသည်။ ကိုယ်ရံတော်တစ်သိုက်နှင့်အတူ မြင်းကိုယ်စီ ဒုန်းစိုင်းနှင်ရင်း နန်းတော်မှ အရေးကိစ္စအချို့အကြောင်း တွေးတောလာခဲ့သည်။ စီးပွားရေးကြီးပွားရေးများထက် သူ၏ကြင်ယာတော်အရေးကိုသာ စိတ်ဝင်စားနေမည့် မှူးမတ်များကြောင့် ခေါင်းပင်ကိုက်လာခဲ့သည်။ အိမ်ရှေ့မိဖုရားတင်မြှောက်ရေးသာ အဓိကဖြစ်နေတော့လည်း လှည့်ပတ်ကာ ပြောရပေဦးမည်။

တပင်တိုင်နန်း..စံမြန်းလေသူ _Completed Unde poveștirile trăiesc. Descoperă acum