2.3K 230 12
                                    

ညီလာခံစဲပြီမို့ မှုးကြီးမတ်ရာတို့ အလျှိုလျှို နန်းဆောင်တွင်းမှထွက်လာကြချိန်တွင် နံနက်နေပင် အတော်မြင့်ချေပြီ။ ရဲမက်ဝတ်စုံအပြည့်ဖြင့် နန်းတော်တံခါးဝတွင်ရပ်နေလေသော စောလှကို မြင်သည့်အခါ ခပ်ပြုံးပြုံးနှင့် နှုတ်ဆက်သွားကြသည်။ ခန္ဓာကိုယ် ခပ်သွယ်သွယ်ဆိုပေမယ့်  အိမ်ရှေ့စံ၏ကိုယ်ရံတော်ဖြစ်သော စောလှဟာ အရည်အချင်းရှိသူဖြစ်ကြောင်း သူတို့သိပြီးသားပင်။ အသားအရည် ကြည်ကြည်ဝင်းဝင်းနှင့်မို့  ရုတ်တရက်ကြည့်လျှင် စာပေ ပညာရှင်နှင့်ပင် တူနေပေသည်။

" ကြည့်ပါဦး ဒီကလေးတောင် ကျုပ်တို့မျက်စိအောက်တင် အရွယ်ရောက်လာပြီ   "

" ဟုတ်ပါ့ဗျာ သည်လို လူငယ်လေးတွေမြင်တော့မှ ကျုပ်တို့ အတော်အိုပြီဆိုတာ သတိထားမိတယ်  "

" ခေတ်ကိုက လူငယ်တွေ တဖြည်းဖြည်း နေရာယူလာကြတာပဲလေ "

မှန်ပါရဲ့..။ သူတို့၏ရှင်ဘုရင် ဒတ္ထမင်းတောင်မှ အိမ်ရှေ့မင်းသားကို လုပ်ပိုင်ခွင့်တွေ တစ်ခုပြီးတစ်ခု ပေးနေပြီ။ ဆယ့်ရှစ်နှစ်အရွယ် ရှိပြီဖြစ်သော အိမ်ရှေ့စံဟာ လက်ရုံးရည်ရော နှလုံးရည်ပါ မည်မျှပြည့်စုံကြောင်း  သက်သေထူခဲ့သည်မှာလည်း တစ်မျိုးပြီးတစ်မျိုးပင်။ အိမ်ရှေ့စံ ဆိုတော့မှ သူတို့အနောက်ကနေ ထွက်လာသော အိမ်ရှေ့စံကို  ပြန်လှည့်ကြည့်မိကြသည်။

ဝတ်စုံပြည့်မဟုတ်ပါဘဲ ရိုးရိုးပိုးထည်ကို ဝတ်ဆင်ထားသော်ငြား အိမ်ရှေ့စံ၏ အရောင်အဝါမှာ သီးသန့် ကွဲထွက်နေပေသည်။ မျက်ခုံးထင်းထင်း နှာတံပေါ်ပေါ်ဖြင့်  ခပ်ပါးပါးနှုတ်ခမ်းသားတို့က အမြဲလိုလို ပြုံးစစရှိနေတတ်သည်။ ခင်မင်ဖွယ်ကောင်းနေသလိုဟန် ရှိပေမယ့်  အိမ်ရှေ့စံ၏ ထက်ရှသောမျက်ဝန်းတွေက အလိုလိုပင် ကြောက်ရွံ့ဝပ်တွားစေသည်။  ဆယ့်ရှစ်နှစ်အရွယ်နှင့်ပင်မလိုက်ဖက်စွာ  ရင့်ကျက်တည်ကြည်နေပေသည်။ ခြုံငုံကြည့်ရပါသော် ရာဇသွေး ရာဇမာန်အပြည့်ဖြင့် ငယ်ရွယ်ချောမောသော အရှင်တစ်ပါးပင်။

အိမ်ရှေ့စံသည် နန်းဆောင်အပြင်ဘက်တွင် ရပ်စောင့်နေသော စောလှကိုမြင်သည်နှင့် ပြုံးသွားကာ

တပင်တိုင်နန်း..စံမြန်းလေသူ _Completed Where stories live. Discover now