၂၀

2K 201 7
                                    

ပင်မနန်းဆောင်အတွင်းဝယ် နတ်ရွာစံလေပြီးသော မင်းမြတ်၏ ရုပ်ကလပ်ကို  သရဏဂုံတင်ရန်ပြင်ဆင်နေကြသည်။ ပင့်ဖိတ်ထားသည့် ဆရာတော်များကြွရောက်လာကာ ရွတ်ဖတ်သရဇ္ဇာယ်ပြီးနောက်  သင်္ဂြိုလ်ရန်ပြင်ဆင်ထားသည့်နေရာသို့ ရွှေ့ပြောင်းသည်။ နံ့သာတုံးများကို စုပုံထားရာအပေါ် ရုပ်ကလပ်ကို တင်ဆောင်ပြီး  အိမ်ရှေ့စံ ကပင် မီးညှိလိုက်သည်။ တငွေ့ငွေ့လောင်ကျွမ်းနေရာမှ မီးတောက်တို့က အရှိန်ပြင်းလာသည်။ နံ့သာတုံးတို့ မီးစွဲရာမှာထွက်ပေါ်လာသည့် သင်းရနံ့အနည်းငယ်က ဝန်းကျင်တစ်ခွင်ရစ်သိုင်းလို့နေသည်။

မီးတောက်တို့ကို ငေးမောကြည့်ရှုနေသည့် မယ်မယ်ဘုရားကို တစ်ချက်လှမ်းကြည့်မိသည်။ ပျော်ရွှင်မှုမရှိ ၊ ဝမ်းနည်းမှုမရှိ၊ အသိမဲ့နေသည့်ဟန်ဖြင့် ရပ်နေခဲ့သည်။ ကိစ္စများပြီးစီး၍  သက်ဆိုင်ရာနန်းဆောင်ဆီ ပြန်သွားသည့်အချိန်   မှူးမတ်တွေကို လျစ်လျူရှုပြီး မယ်မယ်ဘုရားနောက် လိုက်သွားခဲ့သည်။

တောင်နန်းဆောင်တွင်းသို့ ဝင်ဝင်ချင်းမှာပဲ  မယ်မယ်ဘုရား၏အထိန်းတော်က လျှောက်တင်လာသည်။

" အရှင့်သား  မိဖုရားကြီးက   သည်ရက်ပိုင်းအတွင်း အိပ်လည်းမပျော် စားလည်းမဝင်ဖြစ်နေကြောင်းပါ  "

" ..   "

သလွန်တော်ထက်မှီရင်း  ပြတင်းဝကနေအပြင်ဘက်သို့ ငေးကြည့်နေခဲ့သည့် မယ်မယ်။ သူဝင်လာသည်ကိုပင် သတိမမူနိုင်ခဲ့။ ထက်မြတ်လွန်းလှသည့်  မိဖုရားကြီးတစ်ပါးအသွင်ဟာ လုံးလုံးကွယ်ပျောက်လို့နေခဲ့သည်။ ချစ်ရသူကို ကိုယ့်လက်နဲ့ပဲ အဆုံးစီရင်ခဲ့သည်အထိ   မယ်မယ့်နှလုံးသားက သိပ်ကို မာကျောတယ်လို့ ထင်မိခဲ့တာ။ တကယ်တော့   နှလုံးသားတိုင်းက နူးညံ့နေခဲ့ပြီးသားပါ။ လောဘစိတ် ဒေါသစိတ်တွေကသာ နှလုံးသားကို အရောင်ဆိုးနေခဲ့ခြင်းပင်။

" မယ်မယ်ဘုရား  "

ခေါ်သံကြားတော့ လှည့်ကြည့်လာသည်။ ပြီးတော့ ခပ်ယဲ့ယဲ့အပြုံးတစ်ခုဖြင့်

" သြော်  သားတော်  ဘာအကြောင်းကိစ္စရှိသလဲ "

" မယ်မယ် ပင်ပန်းနေခဲ့ပြီမလား  အနားယူပါတော့   နန်းတက်ပွဲကိစ္စတွေကို သားတော်ပဲ ပြင်ဆင်လိုက်ပါ့မယ်   ပြီးတော့
ညီတော့်ကိစ္စကိုရောပဲ  "

တပင်တိုင်နန်း..စံမြန်းလေသူ _Completed Where stories live. Discover now