၂၉

2K 197 5
                                    

ရာဇပလ္လင်တော်ရှေ့မှောက်တွင် မျက်နှာစုံညီထိုင်လျက်ရှိသော အဖွဲ့နှစ်ဖွဲ့မှာ အချင်းချင်း ရန်စောင်နေလျက်ရှိသည်။ တစ်ဖက်နှင့်တစ်ဖက် အကြည့်ချင်းပြိုင်နေရင်း လျှောက်လဲချက် အဖုံဖုံကို တင်သွင်းနေကြသည်။ တစ်ဖက်က နဒီဝဠာတိုင်းမှ အိမ်ရှေ့စံဦးဆောင်ကာ တစ်ဖက်မှာတော့ ဧကဝတ္တတိုင်း၏ မင်းသမီး မုဒြာပင်။ အချေအတင်ဖြစ်ရသည့် အကြောင်းရင်းခံကတော့ နဒီဝဠာတိုင်း၏ ထိပ်စုမြတ်ဘုရား အား ပြန်လည်ခေါ်ဆောင်သွားရန် တောင်းဆိုမှုကြောင့်ပင်။ တစ်ဖက်က ဝန်ကြီးများကလည်း မသင့်လျော်ပါကြောင်း လျှောက်တင်သလို တစ်ဖက်ရှိ အိမ်ရှေ့စံဟာလည်း မထားခဲ့နိုင်ပါကြောင်း အသီးသီး ပြောဆိုနေကြသည်။

" အသင်တို့ရဲ့ မင်းသားဟာ လင့်ဝတ္တရားမကျေပွန်လေမှတော့ ကိုယ်တော့်ရဲ့နှမတော်ကို အဘယ်အကြောင်းနဲ့မှ မထားရစ်ခဲ့နိုင်ပါ "

" မောင်ငယ်ရဲ့အပြစ်လည်းမကင်းတာမှန်သော်ငြား ထိပ်စုမြတ်ဘုရား ဟာ ဧကဝတ္တတိုင်းရဲ့ ကြင်ယာတော်လည်း ဖြစ်နေပါပြီ အရှင်အိမ်ရှေ့စံကသာ ပြန်လည်ခေါ်ဆောင်သွားမယ်ဆိုရင် ဧကဝတ္တတိုင်းဟာ လည်း နာမည်ပျက်ရသလို ထိပ်စုမြတ်ဘုရား ရဲ့ဂုဏ်သတင်းကိုလည်း ထိခိုက်စေပါလိမ့်မယ် "

" အိုး ဘယ်သူတွေကများ ထိပ်စုမြတ်ဘုရား ရဲ့ဂုဏ်သတင်းညှိုးနွမ်းအောင် အပုပ်ချရဲသလဲ နဒီဝဠာတိုင်းကပြည်သူတွေကတော့ သူတို့ရဲ့မင်းသမီးလေးကို အမြဲစောင့်ကြိုနေမှာပါ မုဒြာမင်းသမီး ဘာမျှမစိုးရိမ်ပါနဲ့ "

နောက်လိုက်နောက်ပါများဟာလည်း အရှင်နှစ်ပါးရဲ့နောက်တွင်ခစားရင်း အကြည့်ချင်းစစ်ထိုးနေကြသည်။ ထိုအခိုက် ငြင်သာသော အသံလေးကြောင့် အများ၏အာရုံဟာ ပြောင်းလဲသွားရသည်။

" မုဒြာမင်းသမီးရော မောင်တော်ကြီးပါ စိတ်လျှော့ကြပါဘုရား သည်နှမရဲ့အမြင်ကိုလည်း ထည့်သွင်းစဥ်းစားပေးကြပါဦး "

" ကြင်ယာတော်လေးက ဘယ်လိုများစဥ်းစားထားပါသလဲ "

ထိပ်စုမြတ်ဘုရားရဲ့အမူအရာဟာ တုံ့ဆိုင်းနေခဲ့ပြီးမှ .

တပင်တိုင်နန်း..စံမြန်းလေသူ _Completed Where stories live. Discover now