Extra

2.6K 208 25
                                    

နိုင်ငံရပ်ခြားမှ လာသော ကုန်သည်အဖွဲ့သည် မြစ်ကို အကြောင်းပြုကာ ရောင်းဝယ်ဖောက်ကားခွင့်ပြုရန် တောင်းဆိုလာကြသည်။ မှူးမတ်တွေနှင့်တိုင်ပင် ဆွေးနွေးကြသည့်အခါမှ အမြင်ကလည်း အမျိုးမျိုးထွက်လာခဲ့သည်။

" အရှင့်သား  သည်လူမျိုးခြားတွေမှာ ဘယ်လိုအကြံအစည်တွေရှိနေမလဲ မသိနိုင်ပါဘူး ဘုရား  "

" ဗြဲတိုက်ဝန်ရေ  ကုန်စည်ကူးသန်းမှုဟာ တိုင်းပြည်ရဲ့ စီးပွားရေးအတွက် အကျိုးများစေပါတယ်   "

" မှန်ပါတယ်ဘုရား  ကျွန်တော်မျိုးကတော့ အခွန်ဝန်မင်းရဲ့ စကားကို ထောက်ခံပါသည်ဘုရား   ကမ်းစပ်ကို ဆိုက်ကပ်လာသည့် လှေ သင်္ဘောတွေကို အခွန်အခ ကောက်ခံလို့ရပါမယ်ဘုရား၊ ဆိပ်ကမ်းအနီးနားမှာရှိသည့် ပြည်သူတွေအတွက်လည်း  လုပ်ကိုင်စားသောက်ဖို့ အခွင့်အရေးရလာမှာပါဘုရား  "

ခမည်းတော်ဘုရား ကတော့ နိုင်ငံခြားကုန်သည်တွေနှင့်ပတ်သက်သမျှကို သူ့ထံတွင်သာ လွဲအပ်ထားပေသည်။ ခြုံငုံသုံးသပ်ကြည့်လျှင် အကောင်းသာ ရှိမည်ဆိုပေမယ့်  မသိမသာကပ်ပါလာနိုင်သည့် အန္တရာယ်ကိုလည်း ထည့်တွက်ရသေးသည်။ နန်းတော်မှ ပြန်အလာ  ဝေါယာဥ်ထက်တွင်လည်း  ကုန်သွယ်မှု အကြောင်းကိုသာ စဥ်းစားလို့နေခဲ့ရာ အိမ်တော်ရှေ့ထိ ရောက်လာသည်ကိုပင် မသိလိုက်ရ။ အခြွေအရံတွေကို ဦးဆောင်ကာ ဆီးကြိုနေသော သိင်္ဂကိုပင် သတိမထားမိ။ လက်ကို ဆုပ်ကိုင်လာမှသာ သတိပြုမိတော့သည်။

" အမောင်   ဘာကိစ္စများရှိနေပါသလဲ "

အိမ်ရှေ့စံအိမ်တော်အတွင်း၌မူ သိင်္ဂသည် အမျိုးသားဝတ်စုံကိုသာ ဝတ်ဆင်တတ်ပြီး ဆံနွယ်တွေကို ထုံးနှောင်ခြင်းမရှိ ဖျားလျားချထားလေ့ရှိသည်။ ယခုလည်း  နက်မှောင်နေသော ကေသာကျော့ကို  အမှတ်တမဲ့ ငေးကြည့်မိပြန်သည်။.

" အဆောင် တော်ထဲ အရင်ဝင်ကြရအောင် သိင်္ဂရယ်  "

အခြွေအရံများကလည်း အလိုက်တသိ  အပြင်ဘက်တွင်သာ ကျန်နေရစ်ခဲ့ကြသည်။ ဆုပ်ကိုင်ထားသည့် လက်တွေကို မလွှတ်ပါဘဲ သလွန်ထက်ဝင်ထိုင်လိုက်ပြီး  သိင်္ဂကိုပါ ဆွဲချကာ ရင်ခွင်ထဲ ပွေ့ချီထားလိုက်သည်။

တပင်တိုင်နန်း..စံမြန်းလေသူ _Completed Where stories live. Discover now