2.2K 217 6
                                    

ကျွန်းသားတို့ဖြင့် ပြုလုပ်ထားသော အလုံပိတ်မြင်းလှည်း လေးဟာ အဝေးတစ်နေရာဆီမှ အရှိန်ပြင်းပြင်းမောင်းနှင်လို့လာပေသည်။ အနောက်မှာကျန်ရစ်ခဲ့သော ဖုန်လုံးတွေနှင့်အတူ မင်းသားငယ်၏ ဘဝဟောင်းဟာလည်း ချန်ရစ်ခံခဲ့ရပေပြီ။ မြို့ငယ်လေးအနားနီးကပ်လာသောအခါ မြင်းလှည်းမောင်းသူဟာ အရှိန်ကိုလျော့ပြီး ခပ်ဖြေးဖြေးသာ မောင်းနှင်လာတော့သည်။ ထိုသူဟာ   အထိန်းတော်ကြီးနန္ဒာ ၏ သားကြီး ၊  ဘုရင်မင်းမြတ်၏ လျှို့ဝှက်ကိုယ်ရံတော်တွေထဲက တစ်ယောက်ပင်။ ယခုအခါမှာတော့ မင်းသားငယ်၏ ဦးရီးတော်အဖြစ် အသွင်ယူထားပေမယ့် အမှန်တော့ မင်းသားငယ်၏ ကိုယ်ရံတော်ပင်။

နန်းတော်အတွင်းမှာတော့  မိဖုရားငယ်၏ စျာပနပွဲတွင် မင်းသမီးလေးကိုမတွေ့ရချေ။ စိတ်ထိခိုက်လွန်းသဖြင့် အပြင်းဖျားကာ အိပ်ရာထဲလဲနေရှာသည်ဟု နန်းတော်တစ်ခုလုံးသတင်းကြားရသည်။ မိဖုရားခေါင်ကြီးကတော့  မဲ့ပြုံးတစ်ချက်ပြုံးလိုက်ပြီး ဘာကိုမှဂရုစိုက်ဟန်မပြ။ ဘယ်လိုပဲ ဖြစ်ဖြစ် မင်းသမီးငယ်ဟာ သူ့ရဲ့ရန်သူမဟုတ်ပေ။ အခုချိန်မှာ  မိဖုရားကြီးဟာ ရင်သွေးတစ်ဦး ထပ်လိုချင်ပေမယ့်  နန်းဆောင်သို့ခြေဦးပင်မလှည့်လာတော့သော မင်းကြီးကြောင့်  ဒေါသထွက်နေရသည်။ မိဖုရားငယ်သာမရှိခဲ့လျှင်  နန်းဆောင်သို့ ရောက်ရှိလာမည်ထင်ခဲ့ပေမယ့်   တကယ်တမ်းကျတော့  လာနေကျရက်တွေတောင် မလာတော့ ။

သစ်ပင်ဝါးပင်တွေအုံ့ဆိုင်းနေသည့် ကျောင်းတော်ဝန်းသို့ရောက်သောအခါ မြင်းလှည်းကို အရှိန်သပ်ကာ ရပ်လိုက်သည်။ လှည်းအတွင်းမှ မင်းသားငယ်ဟာလည်း အပြင်ကိုခုန်ဆင်းလာပြီး  ဦးရီးတော်နှင့်အတူ လမ်းလျှောက်ပြီး  ကျောင်းတော်ထဲဝင်လာခဲ့သည်။ ဦးရီးတော်ကမူ လက်တစ်ဖက်က မြင်းဇက်ကြိုးကိုဆွဲ ပြီး တစ်ဖက်က မင်းသားငယ်၏ လက်ကို ဆုပ်ကိုင်ထားသည်။ ဆရာတော်တစ်ပါးက.  ကျောင်းဆောင်ထဲမှ ထွက်လာကာ ခရီးဦးကြိုပြုသည်။

" ရောက်လာပြီလား ဒါယိကာတို့   ကျောင်းထိုင်ဆရာတော်က အသင့်စောင့်နေပါတယ်  မြင်းနဲ့ လှည်းကိုတော့  ဆရာတော့်ကိုပေးလိုက်ပါ ကျောင်းအနောက်ဘက်မှာ သွားထားလိုက်ပါ့မယ်  "

တပင်တိုင်နန်း..စံမြန်းလေသူ _Completed Where stories live. Discover now