၃၁

2K 203 12
                                    

ဓားချွန်ဖြင့် ဝါးကို အချောသပ်နေသည့် တရှပ်ရှပ် အသံတွေသာ အဆောင်တော်ထဲ ကြားနေရသည့်အခိုက်  အခြား ယာယီနန်းဆောင်များတွင်မူ  အပျိုတော်တွေဟာ ဖီးလိမ်းပြင်ဆင် နေကြသလို လူပျိုတော်သားတို့သည်လည်း  ယောင်ထုံးကို ကျော့အောင် ထုံးလို့နေကြသည်။ အိမ်ရှေ့စံ အဆောင်တော်တွင်မူ  မျက်နှာထားတင်းတင်းဖြင့် ထိုင်နေလေသော ကိုယ်တော်ကြောင့် မည်သူမှ မလှုပ်ရဲကြချေ။ ငယ်ကျွန်ဖြစ်သော ကိုယ်ရံတော် စောလှကသာ အနားတွင် ခစားလာရင်း  မီးပုံးတစ်ခုကို ဆက်သလာသည်။

" ပွဲတော် ကျင်းပချိန် နီးပါပြီဘုရား     "

သူရနရာဇ် တစ်ချက် လှမ်းကြည့်လိုက်တော့  ထိုမီးပုံးကို သတိထားမိလိုက်သည်။ နေ့ခင်းက သိင်္ဂလက်ထဲတွင် ရှိနေသည့် မီးပုံးမဟုတ်ပါလား ။

" ဒီဟာက    "

" အရှင် သိင်္ဂ ဆက်သလိုက်တာပါ ဘုရား   "

မီးပုံးကို လှမ်းယူလိုက်ရင်း  လူကပြုံးမိသွားသည်။ အဲ့သည်တော့  ကိုယ်တော့်အတွက် မီးပုံးသွားလုပ်ပေးနေခဲ့တာပေါ့ သိင်္ဂ. ။ သည်ကိုယ်တော်ကတော့  ပျော်ပါးဆော့ကစားနေသည်ထင်ပြီး  အမျက်ထွက်လိုက်ရတာ ။ မီးပုံးကို ကောက်ယူကာ နန်းဆောင်ထဲမှ ထွက်လာခဲ့သည်။ မီးပုံးတွေ လုပ်ရန်စေခိုင်းထားသည့် နေရာဆီရောက်တော့  ယခုထက်ထိ ဝါးတွေကို အချောသပ်နေဆဲ ဖြစ်သည့် သိင်္ဂကို တွေ့လိုက်ရသည်။  အနားတွင်လည်း  စုပုံနေသော မီးပုံးတွေဟာ အများသား ။

" ရပ်လိုက်တော့  သည်လောက်ဆို လုံလောက်ပြီ "

လက်ထဲမှ ဓားကို ချလိုက်သည့်အချိန်  ရဲရဲနီစပြုနေသော လက်ဖဝါးကို မြင်လိုက်ရသည့်အခိုက်  ချက်ချင်းပင် အရှေ့ကို တိုးသွားမိသည်။

" ဒါက ဘယ်လို ဖြစ်ရတာလဲ   "

" ဝါးရှတာပါ ဘုရား ကျွန်တော်မျိုးက မီးပုံးလုပ်တတ်သူမဟုတ်လေတော့ အဆင်မချောရခြင်းပါ    "

မျက်လွှာချကာ ခပ်တိုးတိုးလျှောက်တင်နေသူကိုကြည့်ရင်း  ကိုယ့်ကိုယ်ကိုသာ အပြစ်တင်မိသည်။ ရွှေဇွန်းကိုက်ပြီး မွေးလာတဲ့သူကို  ဘယ်လို အလုပ်တွေများ ခိုင်းလိုက်ရသလဲ ။ မထိမခိုက်စေလို၍ အနားတွင် ခေါ်ကာ ထိုင်ကြည့်နေခဲ့သည်မဟုတ်ပါလား ။ ယခုတော့  ရဲရဲနီနေသည့် လက်ဖဝါးကို ဆုပ်ကိုင်ရင်း   ရင်နာရတော့သည်။

တပင်တိုင်နန်း..စံမြန်းလေသူ _Completed Where stories live. Discover now