၁၄

2.1K 225 12
                                    

ဆီမီးအရောင်ကြောင့် ပိုလို့ဝင်းဝါနေသော လည်ဆွဲဘယက်ဟာ ကြည့်လေ လှလေပင်။ ဒေါင်းနှုတ်သီးထဲတွင်  သေးငယ်သော ပတ္တမြားအလုံးလေးဟာလည်း  အရည်တလဲ့လဲ့ ။  ဘေးဘက်မှာယှဥ်ချထားသည့် ပတ္တမြားလက်စွပ်နှင့်အတူ  တစ်စုံစာ သွန်းလုပ်ထားသည်ကို ခန့်မှန်းမိသည်။ ဒေါင်း ဆိုသည်က သူရိယနေမင်းကို ကိုယ်စားပြုပြီး  ရာဇမင်းတို့၏ သင်္ကေတပင်။ ပတ္တမြားလက်စွပ်တွင်ပါသော ဒေါင်းရုပ်ကြောင့် သည်လက်စွပ်ဟာ အိမ်ရှေ့စံသာဝတ်ဆင်သည့်ရတနာဖြစ်ပေမည်။ ဒေါင်းဘယက်ကတော့ အိမ်ရှေ့မိဖုရားအတွက်ပေါ့ ။ ဒေါင်းဘယက်နှင့်လက်စွပ်ကို အတူယှဥ်ချထားပြီး ငေးငိုင်နေမိသည်မှာ ဘယ်လောက်ကြာသွားသည်မသိ။ အထိန်းတော်ကြီးကပင် သတိပေးလာရသည်။

" အရှင့်သား  အချိန်လင့်နေပါပြီ  စက်တော်ခေါ်ပါတော့ ဘုရား  "

သလွန်တော်ထက်လဲလျောင်းရင်း စက်တော်ခေါ်ဖို့ ပြင်ပေမယ့်  အိမ်ရှေ့စံသူရနရာဇ် က အတွေးထဲမှ ပျောက်မသွား ။ လိမ်လည်လှည့်ဖျားခံရသည်ကို သိသွားခဲ့လျှင် ဘယ်လောက်များ အမျက်တော်ရှလိမ့်မလဲ။ သက်ပြင်းကိုသာ အကြိမ်ကြိမ် ချမိပေမယ့်  ဘာမျှမတတ်နိုင်ခဲ့။

ဟင်းးးး

တစ်ဖက်က ဧည့်သည်နန်းဆောင်တွင်  အိမ်ရှေ့စံသူရနရာဇ် မှာ  ကိုယ်ရံတော် စောလှ၏လျှောက်တင်ချက်များကို နားထောင်ရင်း  မျက်မှောင်ကြုံ့လာလေသည်။

" မြောက်နန်းစံဖုရားရဲ့ သေဆုံးမှုဟာ  မိဖုရားခေါင်ကြီးရဲ့ လက်ချက်မကင်းပါဘူးဘုရား      "

သန္ဓေတည်သည်နှင့်ပင် ရန်ရှာခံခဲ့ရသည့် မြောက်နန်းမိဖုရားအကြောင်း ၊ တပင်တိုင်မင်းသမီး ကိုပင်  ရွာငယ်ဇနပုဒ်မှာ သွားရောက်ဖွားမြင်ခဲ့ရကြောင်း   သိလာရသည်။ နောက်ဆုံးအကြိမ် သန္ဓေတည်စဥ်မှာတော့ အသက်ပါဆုံးခဲ့ရသည့် မိဖုရား ။  ထိုအချိန်က စုဖုရားလေး ဘယ်လောက်တောင် ကြေကွဲဝမ်းနည်းနေခဲ့ရှာမလဲ။ ငယ်စဥ်ကတည်းက အသက်ကိုရန်ရှာမည်စိုးသဖြင့် တပင်တိုင်မြနန်းနဲ့ စံမြန်းခဲ့ရသည်။ အများအမြင်မှာ  ချစ်ခင်မြှောက်စားခံရသည့်မင်းသမီးဖြစ်ပေမယ့်  သူ့အမြင်မှာတော့ ထောင်သွင်းချခံရသည်နှင့်မခြား။ နန်းတက်မည့် ဘုရင်နှင့်သာ လက်ဆက်ရမည်ဆိုသည့် ကန့်သတ်ချက်က ရှိနေသေးသည်။
သူနှင့်သာ အတူရှိခဲ့လျှင် စုဖုရား လေး ဘဝ လွတ်လပ်မှုတော့ ရမှာပင်။ အာဏာပြိုင်ဆိုင်မှုတွေ ကောက်ကျစ်မှုတွေမရှိသည့် နဒီဝဠာတိုင်းကိုပဲခေါ်ဆောင်သွားတာ အကောင်းဆုံးရွေးချယ်မှုဖြစ်သည်။

တပင်တိုင်နန်း..စံမြန်းလေသူ _Completed Where stories live. Discover now