📖✌🏻

936 65 10
                                    

နာမည်ကြီးလည်း မဟုတ်၊ view လည်း မများပါပဲနဲ့   " တပင်တိုင်နန်း  " ကို စာအုပ်အဖြစ် ထုတ်ဖို့   အခုထိ စိုးရိမ်နေဆဲပါ။

ဒါပေမယ့် နွေအညာဟာ view မများရင်တောင်မှ  project အနေနဲ့ ထုတ်ပါမယ်ဆိုတဲ့ အကြံကြောင့်  ပထမဆုံးထုတ်မယ့် စာအုပ် ဖြစ်လာခဲ့ပါတယ်။

၂၀၂၃ရဲ့ ဇန်နဝါရီ လမှာ " တပင်တိုင်နန်း စံမြန်းလေသူ  " ကို  စာအုပ်အနေနဲ့ မြင်ရပါမယ် ။  နွေအညာ_စာပေ မှာ instock ပုံစံမျိုးနဲ့ ဝယ်ယူလို့ရမှာပါ။  စျေးနှုန်းကလည်း မများရလေအောင်  စီစဥ်နေပါတယ် ။

ပထမဆုံးအကြိမ် စာအုပ်ထုတ်တာဟာ စိတ်လှုပ်ရှားရမယ့်အစား  ခေါင်းပဲကိုက်နေပါပြီ။ အဆင်ပြေမှ ပြေပါ့မလား ဆိုတဲ့အတွေး​က ညဘက်အိပ်မပျော်စေတဲ့အထိပါပဲ။ Book cover အထိ ပြင်ဆင်ပြီးမှ  နောက်ဆုတ်ဖို့ပဲ တွေးနေမိပြန်တယ်။ တကယ့်ကို ဒုက္ခ ပါပဲ။

ဘာပဲ ဖြစ်ဖြစ်  စာအုပ်ထုတ်မယ့်အကြောင်းလေးတော့ လာတင်ထားလိုက်ပါတယ်။

Milktea

နာမည္ႀကီးလည္း မဟုတ္၊ view လည္း မမ်ားပါပဲနဲ႕   " တပင္တိုင္နန္း  " ကို စာအုပ္အျဖစ္ ထုတ္ဖို႔   အခုထိ စိုးရိမ္ေနဆဲပါ။

ဒါေပမယ့္ ႏြေအညာဟာ view မမ်ားရင္ေတာင္မွ  project အေနနဲ႕ ထုတ္ပါမယ္ဆိုတဲ့ အႀကံေၾကာင့္  ပထမဆုံးထုတ္မယ့္ စာအုပ္ ျဖစ္လာခဲ့ပါတယ္။

၂၀၂၃ရဲ႕ ဇန္နဝါရီ လမွာ " တပင္တိုင္နန္း စံျမန္းေလသူ  " ကို  စာအုပ္အေနနဲ႕ ျမင္ရပါမယ္ ။  ႏြေအညာ_စာေပ မွာ instock ပုံစံမ်ိဳးနဲ႕ ဝယ္ယူလို႔ရမွာပါ။  ေစ်းႏႈန္းကလည္း မမ်ားရေလေအာင္  စီစဥ္ေနပါတယ္ ။

ပထမဆုံးအႀကိမ္ စာအုပ္ထုတ္တာဟာ စိတ္လႈပ္ရွားရမယ့္အစား  ေခါင္းပဲကိုက္ေနပါၿပီ။ အဆင္ေျပမွ ေျပပါ့မလား ဆိုတဲ့အေတြးက ညဘက္အိပ္မေပ်ာ္ေစတဲ့အထိပါပဲ။ Book cover အထိ ျပင္ဆင္ၿပီးမွ  ေနာက္ဆုတ္ဖို႔ပဲ ေတြးေနမိျပန္တယ္။ တကယ့္ကို ဒုကၡ ပါပဲ။

ဘာပဲ ျဖစ္ျဖစ္  စာအုပ္ထုတ္မယ့္အေၾကာင္းေလးေတာ့ လာတင္ထားလိုက္ပါတယ္။

Milktea

တပင်တိုင်နန်း..စံမြန်းလေသူ _Completed Where stories live. Discover now