Chapter...10

33.9K 1.9K 170
                                    

ရေချိုးခန်းထဲက အခန်းတံခါးကို ဖြည်းညှင်း
စွာဖွင့်လိုက်ပြီးနောက် တံခါးဖွင့်သံနဲ့အတူ
မြင်လိုက်ရသည့် ရေချိုးပြီးခါစကောင်လေး
တစ်ယောက်....။

တံခါးနဲ့ မလှမ်းမကမ်းရှေ့မျက်နှာတည့်တည့်
အကွာအဝေးကနေ မမှိန်မသုန် ခန့်ညား၍
စူးနစ်ရီဝေစွာ မိုက်မိုက်ကန်းကန်းကြည့်နေ
လေသည့် တည်စေရာမိုင်က ထိုကောင်လေး
ကိုကြည့်ပြီး အပြုံးအရယ်မရှိတဲ့မျက်နှာအမူ
အယာနှင့် မျက်နှာကြောတင်းမာ၍ဂရုပင်မပြု သောက်လက်စ ဆေးလိပ်ကို မီးသတ်ကာ နှုတ်ခမ်းအတွင်းမှ အငွေ့တစ်ချက်ကို မှုတ်
ထုတ်လိုက်လေ၏။

"မင်းလူလိုနားမလည်ဘူးလား....ငါ့အခန်းထဲ
မင်းရဲ့ဆေးလိပ်ငွေ့တွေနဲ့ ညစ်ပတ်နံဟောင်နေ
အောင်လုပ်နေတာလား"

ထိုအသံကြောင့် တည်စေရာမိုင် ခေါင်းငဲ့ကြည့်
လိုက်ပြီး နိူင်းဆီသို့တည့်မတ်စွာလျှောက်သွား
လိုက်လေသည်။

ရေစိုနေသေးသည့် ခန္ဓာကိုယ်ကို ထိုအကျင့်
ဆိုးကောင်မြင်မှာစိုးရိမ်တဲ့အတွက်ကြောင့် သ
ဘက်အရှည်ကြီးကို လုံခြုံစွာဖုံးအုပ်ပတ်ထား
လိုက်ပြီးလက်နှစ်ဖက်ကို ရင်ဘတ်နေရာ၌
ယှက်ယက်ထားလိုက်လေ၏။ ထိုလူဒီနေရာ
မှာရှိနေခြင်းကို တစ်စက်ကလေးမှမကြိုက်တဲ့
အတွက်ကြောင့် လုံးဝကြည်ဖြူချင်စရာမရှိ...

သို့ပေမဲ့.....

ဖေဖေရဲ့တစ်ချက်လွှတ်အမိန့်ကြောင့်သာအား
မတန်မာန်လျှော့နေရပေမဲ့ နိူင်းရဲ့မာနတွေကို
တော့ဘယ်နည်းနဲ့မှမလျှော့ချနိင်...ရရင်ရသလိုနှိပ်ကွက်ရမှာပင်...ဒင်းလို့အဆင့်အတန်းနဲ့
က ပြောနိင်ဆိုနိင်မှတော်ရာကျလိမ့်မည်....

မဟုတ်ပါက နိူင်းကိုသူကောင်းကောင်းခြယ်
လှယ်နေချေတော့မှာ....နိူင်းကိုမမြင်ကွယ်ရာ
မှာသူ့အခိုင်းအစေလိုတောင်သဘောထားချင်
တဲ့စိတ်မျိုးများဖြစ်နေမလားမသိပေမဲ့....

အဟက်...နိူင်းတုမဟာ ကိုလွယ်လွယ်သက်
ဆင်းခယပေးမဲ့ ယောင်္ကျားလို့ထင်ရင်မှားလိမ့်
မည်....နိူင်းဘက်ကကြည်ဖြူသဘောတူတဲ့စိတ်ယိုဖိတ်နေရင်တော့ အဲ့လူကိုနိူင်းကိုယ်တိုင်
ကလိုလိုလားလား လက်ခံပေးမှာမှန်ပေမဲ့...
လက်ခံသဘောတူဖို့နေနေသာသာ စေတနာ
တစ်စက်တောင်မရှိရင်တော့ နိူင်းအနားကို
ကပ်နိင်ဖို့စိတ်ကူးကို ဝေးဝေးလွှတ်ပစ်ဖို့အစ
တည်းကတွေးထားပေတော့။

The beauty is mine  ( အလှလေးကငါ့အပိုင်)[Complete] Where stories live. Discover now