Notice

8.4K 126 1
                                    

မင်္ဂလာပါ Gloomyပါ

အခုမှပထမဆုံးတင်တဲ့ Fiction ဖြစ်တဲ့အတွက် လိုအပ်ချက်တွေအများကြီးသေချာပေါက်ရှိပါလိမ့်မယ်။အမှားတွေလည်းအများကြီး ရှိပါလိမ့်မယ်။

အဲ့အတွက် ပထမဦးစွာကြိုတောင်းပန်အပ်ပါသည်။ထိုအမှားတွေ လိုအပ်ချက်တွေကို ထောက်ပြဖို့ရာတော့ အကူအညီတောင်းဆိုချင်ပါတယ်။အများကြီးကြိုးစားထားတဲ့အတွက်ကြောင့် စာဖတ်သူတွေဆီက အသိအမှတ်ပြုတာကိုတော့ စာရေးသူတစ်ယောက်အနေနဲ့ အများကြီးမျှော်လင့်မိပါတယ်။

အာလုံးထပ်ပေါင်းအနေနဲ့ အကောင်းဆုံးကြိုးစားထားတာဖြစ်တဲ့အတွက် ယခု Fiction ကိုဖတ်ကြည့်စေချင်လိုပါတယ်။ဝေဖန်ထောက်ပြပေးလျှင်တော့ ကျေးဇူးအထူးတင်ရှိမိမှာ အမှန်ပါ။

************************
ကဲ ဒါဆို ဇာတ်ကောင်တွေအကြောင်းပြောလိုက်ရအောင်......

ဒီ လရောင်ပင်စည် Fiction တွင် အဓိကဇာတ်ကောင် လေးယောက်ပါဝင်ပါတယ်

လေးယောက်လုံးနှင့် တစ်ခြား Support role တွေရဲ့စိတ်နေသဘောထားကိုအတတ်နိုင်ဆုံးပေါ်လွင်အောင်ရေးထားပါ​၏။ပိုနေလိုနေခဲ့သော် Gloomy ရဲ့လိုအပ်ချက်ဟု ယူဆပါလေ။

ဒီ Fiction ရဲ့အဓိက Topic ကတော့နေ့စဉ်နှင့်အမျှကြုံတွေ့နေရသော ပြသနာတွေ​၏အရင်းအမြစ် "ယုံကြည်မှု" အား မြင်သောအောင် အကောင်းဆုံး ကြိုးစားရေးသားထားပါ​၏။ထိုနောက် အချိန်နှင့်အမျှပြောင်းလဲနေကြသော ခက်ခဲနက်နဲသည့် လူ့စိတ်သဘာဝကို ယှဉ်တွဲနိုင်ရန် ရေးသားထားပါသည်။ထိုသို့သော အခက်အခဲတွေ မယုံကြည်ခြင်းတွေကြားထဲမှ အဓိကဇာတ်ကောင်တို့​၏ချစ်ခြင်းမေတ္တာကိုလည်းထင်သာစေပါမည်။

တစ်ခြား support role တွေလည်းအများကြီးပါပါမယ်

နှိပ်စက်တဲ့အခန်းတွေ လူသတ်တဲ့အခန်းတွေပါမှာဖြစ်တဲ့အတွက် violent မကြိုက်တဲ့လူတွေတော့ မဖတ်စေလိုပါဘူး အိပ်ယာဝင်အခန်းလည်း အနည်းအကျဉ်းပါကောင်းပါနိုင်လို့ ကျော်ဖတ်လိုက ဖတ်နိုင်ပါတယ်

​နောက်ဆုံးတစ်ခုကတော့ ဒီ Fiction သည် Gloomy ရဲ့ own creation ဖြစ်တာကြောင့် အကြောင်းတစ်စုံတစ်ရာတိုက်ဆိုင်ခဲ့သော် ချက်ချင်းလာပြောပါ ပြင်ဆင်ပေးပါ့မယ်

The Moonlit Trunk(လရောင်ပင်စည်)Where stories live. Discover now