Part-31

437 30 12
                                    

မနက်ခင်းနေရောင်ခြည်သည် မျက်ခွံပေါ်ကျရောက်သည်မှာအချိန်ကြာပြီဖြစ်သောကြောင့် မျက်ဆံအိမ်များပင်ကျိန်းစပ်လာသည်။အလွန်တရာမှ အိပ်ချင်နေသေးသောကြောင့် ရိုးရာမောင် မျက်လုံးကိုမဖွင့်မိသေးပေ။ပေကပ်နေနေရာ လိုက်ကာစဆွဲသံကြားလိုက်ရပြီး မျက်လုံးတည့်တည့်မှ အလင်းစူးစူးတို့ကလည်း ရုတ်တရက် ကွယ်ပျောက်သွားသည်။ထို့နောက် တစ်သက်တာ မှတ်မိနေမည့် ကိုယ်သင်းနံ့လေးသည် ပိုင်ရှင်နှင့်အတူ သူ့အနားသို့ ဝဲပျံလာသည်။နဖူးပေါ်ကျရောက်လာသော ပူနွေးသည့် မနက်ခင်းအနမ်းလေးတစ်ခု

ကျေးငှက်တို့၏ ပိကျိပိကျိ အော်သံလေးများသည် ပတ်ဝန်းကျင်တွင်  ရန်ဖြစ်နေသည့်အလား ဆူညံနေကြသည်။ရိုးရာ မျက်လုံးကိုမဖွင့်မိသေးဘဲ ငှက်အော်သံလေးများအား နားစိုက်ထောင်ရင်း ငှက်ဘယ်နှကောင်ရှိမလဲ စိတ်ထဲတွင်ရေတွက်နေမိလိုက်သည်။ထိုစဥ်
ခြုံထားသော စောင်မှာကိုယ်ခန္ဓာနှင့်လွတ်ကွာသွားပြီး ခါးနေရာတွင် နွေးထွေးသောအရာတစ်ခုခံစားလိုက်ရသည်။တင်းကျပ်မှုနှင့်အတူ ရင်ဘတ်ပေါ်တွင်လည်း လေးလံမှုပါတစ်ခါတည်းခံစားမိသည်။ရိုးရာ မျက်မှောင်တို့တွန့်ကုတ်၍ မျက်လုံးဖြည်းဖြည်းဖွင့်ကြည့်လိုက်သည်။

ပထမဆုံးမျက်စိရှေ့တွင် ဆံပင်နက်နက်တို့နေခ၍ ရွှေရောင်အသွင်ဝင်းဝါနေသည်ကိုတွေ့ရသည်။ရိုးရာ အိပ်ချင်စိတ်ပြေပျောက်သွားစေရန် မျက်လုံးအား လက်ဖြင့်ပွတ်လိုက်သည်။

"ကိုကို ကျွန်တော့်ကြောင့် နိုးသွားတာလားဗျ"

"ရောင်ထင်"

အိပ်ယာနိုးခါစ အသံဩဩဖြင့် လှမ်းခေါ်သောအခါ ဇွဲရောင်ထင်ခမျာ တံတွေးတစ်ချက်မြိုချမိလိုက်သည်။ကျစ်လစ်သိမ်သွယ်သော ခါးအား ဖတ်၍ ကိုကို့ရင်ဘတ်ပေါ်ခေါင်းတင်ထားသော ရောင်ထင်သည် ကိုကို့မျက်နှာအား မော့ကြည့်ကာ ရင်ဘတ်အလယ်တည့်တည့်တွင်မေးတင်လိုက်သည်။မျက်လုံးမပွင့်တစ်ပွင့်ဖြင့် ငုံ့ကြည့်နေသော ကိုကိုမျက်တောင်ရှည်တို့သည် မျက်ခမ်းအောက်နှင့်ပင် ထိကပ်လို့နေသည်။အနည်းငယ်ပွယောင်းနေသော ဆံပင်ကောက်ကောက်ကွေးကွေးတို့သည် နေရောင်ခြည်အရှိန်ဖြင့် အညိုဖျော့ဖျော့တောက်နေသည်။

The Moonlit Trunk(လရောင်ပင်စည်)Where stories live. Discover now