Part-23

428 32 2
                                    

A/N : Warning တော့မတပ်ချင်ပါဘူး Brain Wash တဲ့သဘောမျိုးအခန်းပါတဲ့အတွက် ကျော်ဖတ်လိုကဖတ်နိုင်ပါတယ်ရှင့်

ဟူဒီအပါးလေးသာဝတ်ထားသော်လည်း ရင်ငွေ့နွေးနွေးကြောင့် ဇွဲရောင်ထင် မျက်လုံးများကိုမှိတ်ထားလိုက်သည်။

"ရောင်ထင် အေးလာပြီ ပြန်ကြမယ်လေ"

"ဟင့်အင်း နေပါဦးဗျာ"

ခုံတန်းလေးပေါ်တွင် နှစ်ဦးသား ထပ်တော့မလို ပူးကပ်ထိုင်နေယုံမျှမကသေး ရင်ခွင်ထဲသို့ ခေါင်းတိုးမှီနွဲ့နေကြောင့် ဇွဲရောင်ထင်ကြောင့် ရိုးရာမောင် သူ့ကိုယ်လေးအား ပြန်လည်ထွေးဖတ်ထားလိုက်သည်။

ညသည်အေးချမ်းစွာ တည်ရှိနေပြီး ကောင်းကင်နက်နက်တို့တွင် ကြယ်သေးသေးလေးများစုပြုံနေကြသည်။

"ကိုကို"

"ပြောလေ ရောင်ထင်"

"ကျွန်တော်တို့ ငါးလဆိုတဲ့အချိန်ကြီးပြီးရင် ထပ်မတွေ့ရတော့ဘူးပေါ့နော်"

"........"

"ကိုကို့ကို အများကြီးလွမ်းရလို့ ကျွန်တော်သေသွားရင်ဘယ်လိုလုပ်မလဲ"

"ဟေ့ ဘာလို့အဲ့လိုတွေပြောနေတာလဲ"

အနားတွင်ရှိနေသော ခေါင်းပျော့ပျော့လေးပေါ်သို့ ရိုးရာမောင် မေးတင်၍ ကောင်လေးကိုယ်ကိုဖတ်ထားသောလက်များကို ပို၍တင်းကျပ်လိုက်သည်။အရွယ်အစားသိပ်မကွာသော ရောင်ထင့်ကိုယ်လုံးမှ သက်ပြင်းချမှုကို သူပီပီပြင်ပြင်ခံစားလိုက်ရသည်။

"ဒီမှာ ကိုယ်ပြောပြမယ် တစ်နေ့ဒီလိုဖြစ်ရမယ်ဆိုတာ ကိုယ်တို့ကြိုသိပြီးသားမဟုတ်လား၊ကိုယ်လည်း တစ်ဖတ်မှာလုပ်စရာတွေရော ကိုယ့်လူနေမှုတွေရောရှိတယ် ရောင်ထင် မင်းဆိုလည်း ဒီမှာအနာဂတ်တွေ မိသားစုတွေ ဘဝရှေ့ရေးတွေရှိသေးတယ်မလားအချစ်ကိုလွမ်းရတာထက် အဲ့ဒါတွေကိုသံယောဇဥ်ဖြတ်ရတာက တန်ဖိုးပိုကြီးပါတယ် ကိုယ်တို့ရှိနေတဲ့ကာလလေးမှာ ထိုက်ထိုက်တန်တန်ချစ်ခဲ့လိုက်ရင်ပိုကောင်းမယ်လေ အခုကိုယ်နဲ့မင်းဆုံတာ ခြောက်လရှိပြီ နောက်ငါးလကျန်သေးတယ်

ရောင်ထင်စဥ်းစားကြည့် တစ်ချို့ချစ်သူတွေဆို တစ်နှစ်မပြည့်သေးဘဲ ကွဲကွာကြတာတွေရှိတယ်မလား တစ်ချို့ဆိုလည်း တစ်သက်လုံးမှာ စစ်မှန်တဲ့အချစ်ဆိုတာကို တစ်ခါမှမကြုံခဲ့ရဖူးတဲ့သူတွေရှိတာဘဲ  ကိုယ်ကတော့ မင်းနဲ့တွေ့တာအရမ်းကံကောင်းတယ် ကိုယ်အချစ်စစ်ဆိုတာခံစားခွင့်ရလိုက်လို့ မင်းကိုလည်းကျေးဇူးတင်တယ် အဲ့တော့ အခုခွဲရမှာကိုမတွေးဘဲ ကိုယ်တို့ပျော်ပျော်နေကြမယ် ဟုတ်ပြီလား"

The Moonlit Trunk(လရောင်ပင်စည်)Where stories live. Discover now