Part-38

307 30 6
                                    

"ကိုကို ဘာ ဘာဖြစ်လို့လဲ ဘယ်နားနာလို့လဲ ဟမ် ကိုကို"

ဇွဲရောင်ထင် ကိုကို့၏ လက်ကိုဖမ်းကိုင်လိုက်ချိန် ကိုကိုမှာ သူ့ဘက်သို့ ယိုင်လဲကျလာသည်။

"ရောင်ထင် ကိုယ့်ဖုန်းရှာပေး"

လေသံဖြင့် အားယူပြောသော ကိုကို့စကားကြောင့်ဇွဲရောင်ထင် ကိုကို့ကို ကုတင်ပေါ်တွင်ထိုင်စေပြီး ဖုန်းကို အခန်းအနှံ့ရှာဖွေလိုက်သည်။

"ရော့ ကိုကို အဆင်ပြေရဲ့လား ဆေးရုံသွားရအောင်ဗျာ ကျွန်တော်စိတ်မချဘူး"

ကိုကိုသည် သူ့စကားအား အရေးပင်မလုပ်ဘဲ လက်ထဲမှ ဖုန်းကိုဆွဲယူကာ တစ်စုံတစ်ယောက်အား အသည်းအသန် ဖုန်းခေါ်ဖို့ကြိုးစားနေသည်။လက်တို့တုန်ယင်နေသော ကိုကိုသည် မူမမှန်လှသဖြင့် ရောင်ထင် အကျိုးအကြောင်းပြောရန် ဆရာမင်းဟန်ကို ဖုန်းဆက်ဖို့အကြံရသည်။ထို့ကြောင့် ဧည့်ခန်းသို့ပြန်ထွက်လာကာ ဖုန်းရှာရန်ပြင်လိုက်သည်။

ထွက်သွားသော ကျောပြင်ကို တစ်ချက်စိုက်ကြည့်၍ ရိုးရာမောင် Call ခလုတ်ကိုနှိပ်လိုက်သည်။

"ဟယ်လို Felix ငါ ငါပစ္စည်းအခုချက်ချင်းလိုချင်တယ် ပိုက်ဆံလွှဲလိုက်မယ် အခုလာပို့ပေး အခုနော်"

ဆက်သွယ်မှုပြတ်တောက်သွားသည်နှင့် ဇွဲရောင်ထင် အခန်းထဲသို့ပြန်ဝင်လာသည်။ရိုးရာသည် အသက်ကိုပြင်းပြင်းရှူ၍ တုန်နေသော လက်နှစ်ဖတ်ကို အချင်းချင်းဖိချေထားမိသည်။နဖူးမှ ဆံစအကောက်များသည် ချွေးစေးကြောင့် စိုကပ်နေရာ နားထင်မှ ရေစက်ကဲ့သို့လျှောကျဆင်းသက်လာသည်။ပူလောင်လှိုက်ဟာနေသော စိတ်ကို အတတ်နိုင်ဆုံးချုပ်တည်း၍ သူသည် စိုးရိမ်တကြီးကြည့်နေသော ဇွဲရောင်ထင်ကို ပြုံးပြမိသည်။သို့ရာတွင် သူ့အပြုံးသည် မပြီမပြင်ဖြစ်နေမည်ဆိုတာ ကျိန်းသေပါသည်။

"ကိုကို ကျွန်တော်တို့ဆေးရုံသွားကြမယ် ကိုကိုအဆင်မပြေဘူးမလား"

"ဟင့်အင်း ကိုယ်ဘာမှမဖြစ်ပါဘူး ဒါ ဆေးဖြတ်တာရဲ့ Side Effect လိုမျိုးဘဲ ကိုယ်အခုအဆင်ပြေသွားပါပြီ"

အစောဏကထက် ငြိမ်သက်သွားသော ကိုကို့ကို ​ဇွဲရောင်ထင် စိုးရိမ်တကြီးပင် ကြည့်မိတော့ ကိုကိုက ဘာမှမဖြစ်ဘူးဟု ပြောကာ ပြုံးပြသည်။ထို့ကြောင့် ဆရာမင်းဟန်ကိုခေါ်မည့်ဖုန်းကို ပြန်သိမ်းလိုက်ပြီး ကိုကို့ဘေးသို့ဝင်ထိုင်လိုက်သည်။ရောင်ထင် သက်ပြင်းရှည်ကြီးကိုချ၍ ကိုကို့ပုခုံးပေါ်သို့ ခေါင်းစောင်းမှီလိုက်သည်။ကိုကိုကြောင့် ရောင်ထင်လည်း မကြာခင် နှလုံးရောဂါရင့်တော့မည်။

The Moonlit Trunk(လရောင်ပင်စည်)Where stories live. Discover now