Part-15

656 40 9
                                    

နာကျင်နေသောခေါင်းနှင့်အတူ စူးကျိန်းသောအလင်းရောင်သည် မျက်စိကြောအထိပါထိုးကိုက်သွားစေသည်။ရိုးရာမောင် မျက်လုံးကိုမှိတ်ထားသည်ကို မဖွင့်မိသေး။

ရင်းနှီးနေကျ လက်ဖက်စိမ်းနံ့သည် နှာခေါင်းအတွင်းသို့ ဝေ့ဝဲပျံ့လွင့်လာသည်။

လက်ချောင်းအား အနည်းငယ်လှုပ်ကြည့်လိုက်တော့ အမွှေးပွပွ အထည်သည် သူ့ကိုယ်ပေါ်နေရာယူထားသည်။လင်းနေသော မျက်ခွံ့တွင် အရိပ်မည်းမည်းတစ်ခု လှုပ်ရှားနေသည်ကိုမြင်ရသည်။အရိပ်မည်းကိုမြင်သည်နှင့် မည်းမှောင်သော အခန်းအတွင်းမှာ မှတ်ဥာဏ်တို့သည် ဦးနှောက်ထဲသို့ ပြန်လည်ဝင်ရောက်လာပြန်သည်။

အော်သံနက်နှင့် ဓားသံတို့သည် ယခုထိတိုင်ကြားယောင်နေသလိုပင်။ကျယ်လောင်စွာ.....မကောင်းဆိုးဝါးမျက်လုံးနီနီတို့သည် သူ့ကိုစိုက်ကြည့်နေကြသည်။ဘေးတွင်ဘာမှမရှိတော့ အရာရာသည် ချောက်ကြီးထဲကျသလို မည်းမှောင်နေသည်။အသံတို့သည် တဝီဝီဖြင့်နားထဲ ဆူညံနေသည်။ထိုကြားထဲမှာ မပီပြင်သော အသံတိုးတိုးသည် တစ်ဖြည်းဖြည်းကျယ်လောင်လာသည်။

"ကိုကို...."

ဘာအသံလဲ...

"ကိုကို  ကိုကို သတိထားပါဦး"

ရင်ဘတ်ပေါ်တင်ထားသော လက်ဖျားမှာခပ်နွေးနွေးအထိ။မျက်လုံးသည်ဖွင့်လို့မရ......လက်ဖမိုးထက်မှ ဖွဖွလေး ပုတ်ပေးနေသည်ကိုခံစားရသည်။နွေးထွေးသောဓာတ်တစ်မျိုးကြောင့် ရိုးရာပြန်အိပ်ပျော်သွားပြန်သည်။

ငြိမ်သက်သွားသော ကုတင်ပေါ်မှလူအားကြည့်၍ ဇွဲရောင်ထင်သက်ပြင်းချလိုက်သည်။မပျယ်သေးသော စုကြုံ့ကြုံ့ မျက်ခုံးတန်းကို လက်ဖြင့်သာသာလေးဖိချေပေးလိုက်တော့ တစ်ချက်တုန်ယင်သွားသည်။အေးစက်နေသော လက်ဖျားများကို ရောင်ထင်တင်းတင်းဆုပ်ကိုင်လိုက်သည်။ရင်ထဲမှာသာချစ်တာ ဇွဲရောင်ထင်သည် ပြောရလျှင် ကိုကို့အကြောင်းဘာမှမသိ။ကိုကိုက သိပ်သိုဝှက်တတ်သော လူဖြစ်၏။အခုလည်း သူဘာမှဆက်စပ်ပြီးတွေးလို့မရတော့ချေ။

ဆေးရုံမှာတွေ့ခဲ့တဲ့ ကိုကိုနှင့်ရုပ်ချင်းဆင်တဲ့လူသည်  ကိုကို့ကို မနက်၃နာရီလောက်က သယ်ပိုးလာသည်။အိမ်ထဲဝင်ဆိုဖာပေါ်ပစ်ချပြီး "ဘာမှမမေးနဲ့" ဟုဆိုပြီး ပြန်ထွက်သွားသည်။သတိရှိပုံမပေါ်တဲ့ကိုကိုသည် ပုံမှန်ထက်ဖြူလျောနေသည်။ရောင်ထင်လည်း ကိုကို့ကို အခန်းထဲ ရွှေ့ပြီး တစ်မနက်လုံးစောင့်ကြည့်နေခဲ့သည်မှာ အခုဆိုနေ့လည် ၁၀ နာရီတောင်ခွဲတော့မည်။တစ်ညလုံး တစ်ချက်ချက် ယောင်သော ကိုကို့စကားတို့တွင် ကြောက်ရွှံ့မှုကြီးစွာစိုးမိုးနေသည်။

The Moonlit Trunk(လရောင်ပင်စည်)Where stories live. Discover now