Part - 43

329 25 8
                                    

နှစ်ခြိုက်စွာ အိမ်မောကျသွားပြီး သုံးနာရီခန့်တွင် သူ့မျက်လုံးများပြန်ပွင့်လာခဲ့သည်။ယခုအခါ အနားတွင် ဘယ်သူမျှမရှိနေဘဲ အခန်းထဲတွင် ပြတင်းပေါက်မှ လိုက်ကာဖြူစ ပါးပါးသာလူးလွန့်လှုပ်ခတ်နေသည်။

ရိုးရာမောင် ဘယ်ရောက်နေသလဲ သိချင်စိတ်ဖြင့် ကုတင်ပေါ်မှထထိုင်လိုက်သည်။ထိုင်လိုက်ကာမှ မြင်ရသော ပြတင်းပေါက်မှမြင်ကွင်းသည် နေဝင်ချိန် ရှုခင်းဖြစ်သည်။တိုက်တစ်ခု၏အပေါ်ထပ်လောက်မှ လှမ်းမြင်ရသော ကုက္ကိုလ်ပင်ကြီး၏ အနောက်တွင် နေလုံးနီနီသည် ဝင်ရောက်ပုန်းကွယ်စပြုနေသည်။သေချာတာကတော့ ဒါသည် ဆေးရုံဆေးခန်းတစ်ခုမဟုတ်ပေ။ရိုးရာ အခန်းအား ပတ်လည်ဝေ့ကြည့်လိုက်သည်။ကိုယ်ပိုင်အိမ်ခန်းကဲ့သို့ ပစ္စည်းနှင့်ပရိဘောဂ အစုံအလင်ရှိသည့် အခန်းသည် ဘယ်သူ့အခန်းပါလိမ့်။

အစိမ်းနုရောင် နံရံပေါ်တွင် ပန်းချီကားချပ်များနှင့် နောက်ဆုံးပေါ် လူငယ်ဆန်သည့် LED နာရီတစ်လုံးရှိသည်။ပန်းချီကားတော်တော်များများသည် ဗင်းဆန့်ဗန်ဂိုး၏လက်ရာပုံတူများဖြစ်ပြီး ရောင်ထင် ကြိုက်သည်ဟုပြောဖူးသော Yellow House ပန်းချီလည်းရှိသည်။ရိုးရာ ညာဘက်လက်ပေါ်မှ ဆေးပိုက်ကိုဖြုတ်၍ ထိုနံရံအနားသို့လျှောက်လာခဲ့သည်။ပန်းချီကားများအား ဤမျှလောက် ကြာမြင့်စွာ သူ့ဘဝတွင် စိတ်ဝင်တစားမကြည့်ဖူးခဲ့ချေ။

ထိုပန်းချီကားအားလုံးနီးပါးအား အစစ်ပါ အပြင်တွင်မြင်ဖူးခဲ့သော်လည်း အသေးစိတ် ဆွဲချက်တစ်ခုကအစ စိုက်ကြည့်ရလောက်အောင်ထိ သူစိတ်အားမထက်သန်ခဲ့ဖူးပေ။ရိုးရာ စိမ်းနုရောင် နံရံပေါ်မှ အမျိုးအစားစုံသော ပန်းချီကားများကို ရေတွက်ကြည့်သည်။စုစုပေါင်း ၁၇ ပုံ

Starry Night၊Sunflower ကစလို့ မမြင်ဖူးသည့် ပုံများလည်းတွေ့ရသည်။ထိုပန်းချီကားများကို ရိုးရာ နစ်ဝင်အောင်စိုက်ကြည့်နေမိသည်။အကြည့်မခွာချင်ဖြစ်လာသည်မှာ တွဲဖက်ထားသော နံရံ၏ထူးခြားသော စိမ်းနုဖန့်ရောင် ကြောင့်များလား။

"ကိုကို"

အပြာရောင်စုတ်ချက်လှိုင်းထံပိုးတို့ထဲ နစ်မြုပ်နေခြင်းသည် ခေါ်သံတစ်ခုကြောင့် ပုံမှန်အနေအထားသို့ပြန်ရောက်လာခဲ့သည်။အခန်းတံခါးဝသို့ လှည့်ကြည့်လိုက်မိတော့ Pajama အဖြူရောင်လေးဖြင့် ချစ်စရာကောင်လေး။တောက်ပနေသော မျက်လုံးတို့သည် ညနေ
နေရောင်ကြောင့် အလင်းတန်းများပင် ဖြာထွက်နေသည်။လျင်မြန်သော ခြေလှမ်းတို့ဖြင့် သူ့ထံလျှောက်လာပြီး မကြာ ရိုးရာ၏ခန္ဓာကိုယ်တစ်ခုလုံး ထွေးပွေ့ခံလိုက်ရသည်။အနည်းငယ် အံ့ဩသွားသော်လည်း စီးဝင်လာသော နွေးထွေးမှုတို့ကြောင့် သူ့လက်များအလိုလိုပြန်ဖတ်တွယ်မိသွားကာ မျက်နှာပြင်အား ဇွဲရောင်ထင်၏ ပုခုံးသို့ အပ်ထာမိသည်။တွေ့ရမှ ဘယ်လောက်လွမ်းနေမှန်းသိသာတော့တယ်။အစိမ်းရောင်ကိုယ်သင်းနံ့.....နွေထွေးလိုက်တာလေ

The Moonlit Trunk(လရောင်ပင်စည်)Where stories live. Discover now