Part-29

402 32 5
                                    

ဇွဲရောင်ထင် လှေကားထစ်များအား နင်း၍ အပြေးလေးတိုက်ခန်းပေါ်တတ်ခဲ့သည်။လှေကားအတွင်းရှိ မီးသီးများမှာ မြေရှင်ဦးလေးကြီး ကပ်စည်းနဲမှုကြောင့် မှိန်ပျပျ သေးသေးလေးများသာဖြစ်သည်။

ဆရာမင်းဟန်စကားများကြောင့် ပေါ့ပါးနေသော ရောင်ထင့် စိတ်ထဲတွင် ကိုကို့ကို မည်သို့မည်ပုံ ချော့ရမည်ကို တွေးတောနေလျက်ရှိသည်။သူသည် လေးထပ်မြောက်သို့ရောက်သောအခါ သော့အား ဖြည်းညင်းစွာလှည့်ဖွင့်၍ ဝင်လိုက်သည်။ကိုကိုစိတ်ဆိုးလည်း အလွန်ဆုံး နှစ်ရက်လောက်ပေါ့။သူ့အမှားဖြစ်၍ ဘယ်လောက်ကြာကြာ ချော့ရမှာ သူ့တာဝန်ပင်ဖြစ်သည် ချော့သည်ဆိုတာထက် တောင်းပန်ရမည်ဆို ပိုမှန်လိမ့်မည်။

*ခွမ်း*

ဖိနပ်ချွတ်သို့ ရောက်ရောက်ချင်း တစ်စုံတစ်ခု ကျကွဲလွတ်ကျသံကြောင့် ရောင်ထင် အမြန်ပင်  ဧည့်ခန်းအတွင်းသို့လှမ်းဝင်လိုက်သည်။မီးဝါဝါဖြင့် လင်းကျင်းနေသော ဧည့်ခန်း၏အလယ်တွင် ပန်းအိုးနှစ်လုံးမှာ အစိတ်စိတ်အမွှာမွှာကွဲကြေလျက်ရှိသည်။ဝရန်တာ ထောင့်စွန်းရှိ စာအုပ်စင် အောက်ခြေတွင် ဖိုင်တွဲ စာအိတ်တို့နှင့် စာရွက်အမြောက်အမြား ပျံ့ကြဲနေသည်ကိုတွေ့ရသည်။ရောင်ထင် မှင်သက်စွာ မီးဖိုချောင်ဘက်သို့ကြည့်မိလိုက်တော့ ဘေစင်၏ဘေးတစ်ဝိုက်တွင် ဖန်အကွဲစများ ပန်းကန်းအကွဲစများ နေရာအနှံ့တွင် တွေ့ရသည်။ရောင်ထင် အံ့ဩခြင်းထက် စိတ်ပူခြင်းက သွေးနားထင်သို့ရောက်သွားစေသည်။အိမ်ထဲသည် ဖောက်ထွင်းခံရတာလား တိုက်ခိုက်ခံရတာလား မေးခွန်းပေါင်းများစွာ သူ့ခေါင်းထဲသို့ဝင်ရောက်လာသည်။

*ခွမ်း*

"အား"

ဝမ်းခေါင်းအတွင်းမှလာသော အသံဖြင့် အော်လိုက်သော ကိုကို့အသံနှင့်အတူ ပစ္စည်းကျကွဲသံတို့သည် အခန်းများဘက်မှထွက်ပေါ်လာသည်။ရောင်ထင် ဘာမှမစဥ်းစားနိုင်တော့ဘဲ ကိုကို့အခန်းဆီသို့ပြေး၍ တံခါးဆွဲဖွင့်လိုက်သည်။

"ကိုကို"

အခန်းထဲတွေ့လိုက်ရသော မြင်ကွင်းသည် ရောင်ထင် အသက်ရှူပါအောင့်မိသည်အထိ။ပွစာကြဲနေသော အဝတ်များနှင့်အတူ ပွင့်ဟနေသော ဗီဒိုနှင့် ကျကွဲနေသော ပန်းအိုးများကြောင့် ဖန်စများမှာ နေရာအနှံ့ပင်ဖြစ်သည်။ကိုကိုသည် ကုတင်ဘေးရှိ စားပွဲအားလက်နောက် ပြန်ထောက်လျက် သူ့အားလှည့်ကြည့်သည်။ဝိုင်းစက်သွားသော မျက်လုံးများသည် လက်ခနဲဖြတ်ပြေးသွားသည်နှင့် ကိုကိုက သူ့ဆီ အလျှင်အမြန်လျှောက်လာသည်။

The Moonlit Trunk(လရောင်ပင်စည်)Where stories live. Discover now