Part-41

303 26 7
                                    

*ဒီ ဒီ ဒီ*

ဖုန်း ဘိုက်ဘရိတ်တုန်ခါမှုသံကြားလိုက်သည်နှင့် ရောင်ထင် အမြန်ကောက်ကိုင်လိုက်သည်။

*ဇွဲရောင်ထင် ငါကျောင်းနဲ့သံရုံးဘက်ကိုသွားကြည့်ပေးမယ် အဲ့မှာရောက်နေရင်လည်းရောက်နေမှာ ရှိတယ်ဆိုပြန်ဆက်မယ် မင်းလည်းသူသွားတတ်တဲ့နေရာတွေ လိုက်ကြည့်ပေး ဒါဆို ဒီလောက်ဘဲ တီ တီ*

ဆက်သွယ်မှုပြတ်တောက်သွားသံအဆုံး ရောင်ထင် အပေါ်မှဂျင်းကုတ်တစ်ထည်ကောက်စွပ်ကာ အိမ်အောက်သို့ဆင်းရန်ပြင်လိုက်သည်။ကိုကိုသူ့မျက်စိရှေ့မှ ပျောက်သွားသည်မှာ တိတိကျကျဆိုလျှင် ရှစ်နာရီကျော်ပြီဖြစ်၏။အဆက်အသွယ်မရ ဒီလိုသွားတတ်သည့်အကျင့်လည်းမရှိပါဘဲ ကိုကို ဘယ်နေရာမှာ ရှိနိုင်လောက်မလဲ သူစဥ◌်းစားမရချေ။ရောင်ထင် တစ်ခုသာတွေးမိသည့်နေရာသည် အင်းယျားကန်ဘောင်ဖြစ်သောကြောင့် ထိုနေရာသို့လိုက်သွားရန် တိုက်အောက်သို့ဆင်းလာခဲ့သည်။ကားပါကင်ဆီကွေ့မည်အပြု

"သားလေး"

လှေကားဝမှခေါ်သံကြောင့် ရောင်ထင် ပြန်လှည့်ကြည့်လိုက်တော့ ယပ်တောင်တစ်ချောင်းဖြင့် ဘေးအခန်းမှ အဒေါ်ကြီးသည် စပန့်ဂါဝန်ကားကားကြီးဖြင့် ရပ်နေသည်။

"ဘယ်သွားမလို့လဲ သား ညမိုးချုပ်ကြီး"

"ကျွန်တော့်ကိုကို...အာ အစ်ကိုပျောက်နေလို့ဗျာ အဲ့ဒါ သွားလိုက်ဦးမယ် ဒေါ်ဒေါ် အရေးကြီးလို့"

"အော် ဟိုနိုင်ငံခြားသားလေးလား ညနေကတောင်တွေ့လိုက်သေးတယ်"

"ဗျာ"

"ကားတစ်စီးနဲ့ပြန်ထွက်သွားတယ်"

ဇွဲရောင်ထင် အနောက်သို့ အလောတကြီးပြန်လျှောက်လာကာ

"ဒေါ်ဒေါ် ဘယ်သူလာခေါ်သွားတာလဲမြင်လိုက်လား ကျွန်တော့်ကိုပြောပြပါလား"

"ငါကမျက်လုံးမှုန်တော့သိပ်မမြင်ရဘူးအေ့ အမျိုးသမီးဘဲ ပိန်ပိန်ဖြူဖြူလေးနဲ့ ကားမောင်းလာတာ အဲ့ဆံကောက်လေးကိုခေါ်တင်သွားတာဘဲကွယ့်"

"........"

"ကားအမည်းရောင်အကောင်းစားကြီးနဲ့ မိန်းကလေးကအတော်ကိုချောတာ သေချာမမြင်ရတာတောင် အသားကဖြူဖွေးနေရော ဆံပင်ကောက်ထားတာကလည်း လှချက်တော် ကောင်လေးရည်စားလားမသိဘူး"

The Moonlit Trunk(လရောင်ပင်စည်)Where stories live. Discover now