Part-18

528 41 9
                                    

နံနက်ကိုးနာရီလောက်မှစထွက်ခဲ့သောကြောင့် Cloud School Mini Bus လေးသည် လှည်းကူးရှိ Pandora Nature Resort သို့ မွန်းမတည့်ခင်လောက် ဆိုက်ရောက်လာခဲ့သည်။

သိပ်မဝေးသောခရီးဖြစ်သော်လည်း ဆူဆူညံညံဟေးလားဝါးလားဖြင့် လိုက်ပါစီးနင်းခဲ့သောကြောင့် ရိုးရာမောင် စိတ်ထဲပျော်ရွှင်စပြုလာသည်။သူဒီလိုခရီးတစ်ခါမှမထွက်ဖူးဘူးဖြစ်၏။.....ကျောင်းသားဘဝတွင်လည်း School Trip သွားတိုင်းသူမလိုက်သွားပါ ဘာရယ်ကြောင့်မပြောပြတတ် လူစိမ်းများနားရောက်လျှင် သူမနေတတ်တာအကျင့်လိုဖြစ်နေ၏။

Pandora Nature Resort

ဝင်ဝင်ချင်း ကျွန်းချည်းသုံးထား၍ပြောင်လက်နေသော Lobby နှင့်ဧည့်ကြိုနေရာသို့ရောက်လာခဲ့သည်။ဇွဲရောင်ထင်မှာ မန်နေဂျာဟုထင်ရသူအား သွားနှုတ်ဆက်နေသောကြောင့် ရိုးရာပတ်ပတ်လည်ဝေ့ကြည့်လိုက်သည်။ကျွန်းမှ ကျွန်းအစစ်တွေကိုသုံးထားသည်။ရှိရှိသမျှ ထိုင်ခုံ ဧည့်ကောင်တာ နံရံ ကြမ်းပြင်တွေကအစ......

ခမ်းနားသောပုံစံမဟုတ်သော်လည်း ခမ်းနားသည် သာမာန်နံရံပေါ်မှ ကျွန်းအားထွင်းထုထားသော ကနုတ်များသည် ကြည့်လိုက်သည်နှင့်ရင်သတ်ရှုမောဖွယ်ကောင်းသည်။

Lobby ရှိကျောင်းသားများမှာလည်း တအံ့တဩလိုက်လံကြည့်ရှုနေကြသည်။လေးဖက် လေးနံရံတွင် ဝင်ပေါက်လေးပေါက်ထားရှိပြီး အပြင်ဘက်တွင်တော့ သစ်ပင်တို့သာအုံ့ဆိုင်းနေသည်။အရမ်းလင်းကျင်းနေအောင် မပြုလုပ်ထားဘဲ အနေတော်အလင်းရောင်ကြောင့် နေရသည်မှာ အေးမြမြ။အပေါ်ရှိ တွဲလောင်းကျနေသော မီးဆိုင်းများသည် ကျွန်းဟုထင်ရသောအညိုရောင်အလိပ်အတွင်းတွင် လျှပ်စစ်မီးသီးတို့ထည့်သွင်းထားခြင်းကြောင့် တစ်မျိုးလေးဆန်းနေ၏။ရိုးရာ ခပ်ဖြည်းဖြည်းလျှောက်၍ တစ်နေရာရှိ စင်ပေါ်တင်ထားသောပန်းပုရုပ်ထုအသေးလေးများအား လက်ဖြင့်ထိကြည့်မိသည်။ဇော်ဂျီရုပ်၊မင်းသမီးရုပ်၊မင်းသားရုပ်၊ဖိုးဝရုပ်၊ပစ်တိုင်းထောင် ထိကြည့်လိုက်သည်နှင့်တန်းဖိုးမနည်းမှန်း မှန်းလို့ရသော အရုပ်နှင့်ပန်းချီ ပန်းပုတို့သည် နေရာအနှံ့ အရွယ်အစားမျိုးစုံရှိနေသည်။

The Moonlit Trunk(လရောင်ပင်စည်)Where stories live. Discover now