Part-3

967 60 1
                                    

"ဘယ်လိုလဲ ကော့တေးတစ်ခွက်နဲ့အရက်နာကျသွားတာလား"

အတန်းထဲအစောကြီးရောက်နေသော ဇေသူရသည် ဆူပုတ်နေသည်။​

"အဲ့ကော့တေးပြင်းမှန်းမသိလိုက်တာကွာ"

"ဘာမှမပြင်းဘူး ဟေ့ကောင် လုပ်မနေနဲ့ မင်းမသောက်နိုင်တာ"

"မဟုတ်ပါဘူးကွာ ဒါနဲ့ညက ငါဘယ်လိုအိမ်ပြန်ရောက်သွားတာလဲ"

"မင်းပထွေး ငါသယ်ရတာလေ နေစမ်းပါဦး မင်းဘာမှမမှတ်မိဘူးလား"

"ဘာကိုမှတ်မိရမှာလဲ ကတယ် မှောက်တယ် အိမ်ပြန်တယ်မဟုတ်လား"

"မင်း..."

"Good Moring ဆရာ"

ကျောင်းသားများ၏နှုတ်ဆက်သံနှင့်အတူ ဆရာဦးသိန်းတန် ဝင်လာသည်။Cloud Private ကျောင်းအုပ်တစ်ဖြစ်လဲ ထိုဆရာသည် ထိပ်ပြောင်ပြောင် အမြဲပင့်တင်နေရသောမျက်မှန်နှင့် ပြုံးချိုသောမျက်နှာထားရှိသည်။ဆရာဝင်လာ၍ရောင်ထင်သည် စကားကိုဆက်မပြောတော့ဘဲ နေရာသို့ပြန်၍လှည့်ထိုင်လိုက်သည်။ဇေသူရခမျာခေါင်းကုတ်၍ကျန်ခဲ့သည်။

"Morning ကလေးတို့ Holiday မှာပျော်ခဲ့ကြရဲ့လား"

"ဟုတ် ပျော်ခဲ့ပါတယ်"

"ဒါဆိုဒီနောက်ဆုံးနှစ်လေးမှာ အကောင်းဆုံးကြိုးစားကြမယ်မလား အကုန်လုံးကိုယုံတယ်နော်"

"ဟုတ်ကဲ့"

"ဟိုကောင်လေး မင်းမင်း အသားတွေမဲသွားတယ် ဘယ်တွေလျှောက်လိမ့်တုန်း"

"ချောင်းသာမှာအပီကဲနေတာ ဆရာ ဟဲဟဲ"

ရယ်သံများသည်အခန်းထဲတွင်ထွက်ပေါ်လာသည်။Private ဖြစ်သောဤကျောင်းတွင် လူကုံထံသားသမီးတွေများသော်လည်း ရောင်ထင်တို့အခန်းတွင်တော့ အကုန်လုံးရယ်ရယ်မောမောဖော်ရွေကြသည်ဖြစ်၏။တစ်ချိန်လုံးနောက်ပြောင်နေသလို စာလည်းလုပ် တော်လည်းတော်သော CG-3 ခန်းသည် ဆရာ ဆရာမတို့၏ အချစ်တော်လက်စွဲအခန်းဖြစ်သည်။

"ဆရာလာရင်းကိစ္စတောင်မေ့တော့မလို့ ဆရာတို့မနှစ်ကလိုဘဲ Projects တွေရှိမယ်နော် ဒီတစ်ခေါက်ကကျ Newzealand ကဆရာတွေနဲ့လုပ်ဖြစ်ရဖို့များတယ် ဘာလဲဆိုတာ နောက်ဆရာတွေရှင်းပြလိမ့်မယ် Cloud ကိုနာမည်မပျက်စေရဘဲ အကောင်းဆုံးကြိုးစားဖို့ဆရာတိုက်တွန်းပါတယ် ကဲ ဒါဆို ဆရာ့ကိုခွင့်ပြုဦး နောက်အခန်းတွေဆက်သွားရဦးမယ်"

The Moonlit Trunk(လရောင်ပင်စည်)Where stories live. Discover now