ခြေသံမကြားအောင်ဝင်လာသောကြောင့် ဆရာရိုးရာမောင်သည် သူ့အားသတိထားမိပုံမပေါ်။ခုံပေါ်မှစာရွက်စာတမ်းအမြောက်အများနှင့်အလုပ်ရှုပ်နေသော နေကောင်းခါစဆရာ၏ နဖူးတွင် ချွေးသီးလေးတို့စို့နေ၏။အကြောင်းမှာ ဆရာ့ရုံးခန်းတွင် အဲကွန်းပျက်နေသောကြောင့်ဖြစ်သည်။
"ဆရာ"
လန့်သွားသော ဆရာသည် သူ့အားမော့ကြည့်သည်။သူ့ကိုမြင်သောအခါတိုင်းလက်သွားသော မျက်လုံးညိုများကို ရောင်ထင်သိပ်သဘောကျသည်။
"သက်သာတယ်မလားဗျ"
"အင်း သက်သာပါတယ် ပရောဂျက်အခြေအနေဘယ်လိုလဲ"
ခေါင်းညိမ့်၍စာရွက်ပုံထဲခေါင်းပြန်စိုက်သွားသော ဆရာသည် ဆံပင်ကောက်ကောက်များအား တစ်လှုပ်လှုပ်ဖြစ်အောင်ကို အလုပ်ရှုပ်နေတော့သည်။
"ဆရာတို့ဘက်ကရိုက်ဖို့ဘဲကျန်တော့တယ် ကျန်တဲ့အပိုင်းအကုန်ပြီးပြီဗျ"
"ဒါဆို ကိုယ်တို့နောက်နှစ်ရက်လောက်လို့ စရိုက်ကြမယ်လေ မင်းတို့အဖွဲ့ထဲမှာဘယ်သူဒီအပိုင်းလိုက်လုပ်မှာလဲ "
"ကျွန်တော်ဘဲပေါ့ဗျာ"
"မင်းကဘာလို့"
"ကျွန်တော်က Animation ပိုင်းလုပ်ရမှာဆိုတော့ film ရိုက်ရင်ဘယ်ရှုထောင့်ကအဆင်ပြေမလဲ ဘာညာ ကြည့်ပေးရမှာပေါ့ဗျ"
"ဇွဲရောင်ထင် ကိုယ်က FVS ဆရာဆိုတာသိရဲ့လား"
(FVS-Flim and Videos Studies)
"ဟဲဟဲ သိပါတယ်ဗျာ ဆရာ့ကိုကူညီမို့လေ"
ခေါင်းကိုခါ၍ စာရွက်တို့ကို အသည်းအသန်ကြည့်နေသော ဆရာဖြစ်သူကြောင့် ဇွဲရောင်ထင်သည် ထိုစာရွက်တို့ကိုမသိမသာလှမ်းကြည့်လိုက်သည်။"အိမ်ငှားရန်" ဆိုသော ကြော်ငြာစာရွက်များအပြင် တစ်ခြားအိမ်ခြံမြေနှင့်ပက်သက်သော စာရွက်တို့ကပျံ့ကြဲနေသည်။
"ဆရာ"
"ဟင်"
"အိမ်ရှာနေတာလား"
"အင်း မင်းဟန်ကိုအားနာတာရယ် စတူဒီယိုတစ်ခုပါလုပ်ချင်လို့"
ဥာဏ်နီဥာဏ်နက်တို့ထုတ်နေသော ဇွဲရောင်ထင်၏မျက်လုံးတို့သည် ဟိုဟိုဒီဒီပြေးလွှားနေသည်။ထို့နောက် သူ့ခေါင်းထဲတွင် အကြံအစည်တို့ဖြင့် ဝင်းခနဲလင်းသွားသည်။
YOU ARE READING
The Moonlit Trunk(လရောင်ပင်စည်)
Romanceဆုတောင်းတွေကို မယုံပေမယ့် အမြဲဆုတောင်းဖြစ်တယ် ယုံကြည်မှုဖြင့် Gloomy~