မင်းဟန်၏မျက်လုံးတို့ ဟိုဟိုဒီဒီရွေ့လျားနေသည်။ပတ်ဝန်းကျင်သည် တိတ်ဆိတ်နေသောကြောင့် သူချောင်းတစ်ချက်ဟန့်လိုက်သည်။ဘေးတွင်ရှိသည်ဟုမထင်ရအောင်ငြိမ်နေသော ဇေသူရသည် သူ့အား အားကိုးတစ်ကြီးမျက်လုံးကလေးဝံ့ကြည့်၏။
"အဟမ်း"
အရှေ့တည့်တည့်တွင် လက်ပိုက်၍ ခပ်တည်တည်ထိုင်ကြည့်နေသော ဇွဲရောင်ထင်နှင့် ရိုးရာမောင်ထံသို့ အကြည့်နည်းနည်းပို့လိုက်သည်။တည်တင်းနေသော မျက်နှာထားနှင့် ရောင်ထင်သည် သူတို့နှစ်ဦးအား စိုက်ကြည့်နေ၏။
"ဘယ်လိုတွေ ဘာတွေဖြစ်တာလဲ တစ်ချက်လောက်ပြောပြပါလားခင်ဗျ"
တိတ်ဆိတ်မှုကြားမှ ဇွဲရောင်ထင်၏အေးစက်စက်အသံသည် ရိုးရာတို့ဘန်ဂလိုထဲသို့ လွှမ်းသွားသည်။ဘန်ဂလို၏ဧည့်ခန်းတွင် ထိုင်နေကြသူလေးယောက်ကြားတွင် ဘာစကားမှပြောစရာမှမရှိအောင် တိတ်ဆိတ်သွားပြန်သည်။ခေါင်းငုံ့နေသော ဇေသူရကိုကြည့်၍ မင်းဟန်လည်း မနေသာတော့ဘဲ
"အဟမ်း ပြောရရင် ငါနဲ့ဇေသူရ တွဲနေကြတယ်ကွာ ရပြီလား"
ဇွဲရောင်ထင်မှာ မျက်လုံးပြူးသွားသော်လည်း ရိုးရာမှာပုံမှန်လေထုထဲတွင်ရှိနေသည်။ဘေးတွင် နှုတ်ခမ်းကိုက်ထားသော ဇေသူရမှာ မျက်ရည်တို့ဝဲတက်လာ၏။
"ဘယ်တုန်းထဲကလည်း"
"တစ်လကျော်လောက်ဘဲရှိသေးတာ"
"တစ်လကျော်တောင် ဇေသူရ မင်းဘာလို့ငါ့ကိုဘာမှမပြောရတာလဲ"
"ငါ ငါကြောက်လို့"
"မင်းကဘာကိုကြောက်တာလဲ ဘာကိုလဲလို့!!!"
ဇွဲရောင်ထင်အော်လိုက်၍ အင့်ခနဲ ရှိုက်လာသော ဇေသူရ၏မျက်လုံးများကိုမမြင်ရသော်လည်း မျက်ရည်စက်များသည် သူ့ပေါင်ပေါ်သို့ တစ်စက်စက်ကျရောက်လာသည်။
ရောင်ထင်သက်ပြင်းကိုမှုတ်ထုတ်လိုက်သည်။သူဒေါသထွက်သည်မှာ ဆရာမင်းဟန်နှင့်ချစ်သူဖြစ်လို့မဟုတ်.....ဒီလောက်အရေးကြီးတဲ့ကိစ္စကို ပက်ပင်းတိုးမှသိရသည်ကခံပြင်းဖို့ကောင်းသည်။မဟုတ်ရင် ဘယ်တော့များမှ သိရပါ့မလဲ။ရောင်ထင် စိတ်တိုတိုဖြင့်ဘန်ဂလိုအပြင်သို့ ကမူးရှူးထိုး ထွက်လာလိုက်သည်။လျှောက်လမ်းတစ်လျှောက် သူ့ဘန်ဂလိုသို့ပြန်လာခဲ့ပြီး အခန်းထဲဝင်ကာ ကုတင်ပေါ်တတ်အိပ်နေလိုက်သည်။တစ်လကျော် တစ်လကျော်ဆိုသော အချိန်ကြီးများတွင် သူဘာမှမရိပ်မိခဲ့
YOU ARE READING
The Moonlit Trunk(လရောင်ပင်စည်)
Romanceဆုတောင်းတွေကို မယုံပေမယ့် အမြဲဆုတောင်းဖြစ်တယ် ယုံကြည်မှုဖြင့် Gloomy~