Part-20

529 38 6
                                    

ကုတင်ပေါ်တွင် လဲလျောင်းငြိမ်သက်နေသော ရိုးရာမောင် နံဘေးတွင် မင်းဟန်လက်ပိုက်ရပ်နေသည်မှာ အတော်ကြာပြီဖြစ်၏။

ဒေါက်တာများ၏စစ်ဆေးချက်အရ အားယုတ်ခြင်း၊အိပ်ရေးပျက်ခြင်းကြောင့် သွေးဖြူဥနည်းပါသွားသည်ဟုဆိုသည်။မင်းဟန် သေသေချာချာကြည့်မိမှ သူ့သူငယ်ချင်း၏မျက်တွင်းတို့သည် အတွင်းအထိသို့ချိုင့်ဝင်နေပြီး ယခင်ကထက် ပို၍ ပိန်ကျသွားသည်။တကယ်ဘဲရိုးရာမောင် ဘာတွေဖြစ်နေသလဲ သူမသိတော့ပါ။

မင်းဟန် သက်ပြင်းတို့ကိုမှုတ်ထုတ်လိုက်သည်။ဆေးရုံကုတင်၏ဘေးစာပွဲမှ သူ့လက်ဆွဲအိတ်ထံသို့ မင်းဟန်စိတ်ရောက်၍သွားထုတ်ကြည့်လိုက်သည်။ယခင်အတိုင်းပင် စာရွက်စာတမ်းများနှင့် သူဆောင်ထားသော ဆေးဘူးသာတွေ့သည်။သို့သော် ဆေးဘူးမှာအခွံသာဖြစ်၏။ပစ္စည်းတို့အား နေရာတကျပြန်ထည့်သိမ်းကာ မင်းဟန် ဆိုဖာတစ်ခုတွင်သွားထိုင်နေလိုက်သည်။ရိုးရာမောင် မင်းဟာ မာမလိုနဲ့ပျော့ပါလားကွာ....

"ဆရာမင်းဟန်....ဟူး"

အလောတကြီးရောက်လာသော ဇွဲရောင်ထင်သည် အိမ်နေရင်းဝတ်စုံနှင့်ချွေးတို့စိုရွှဲကာ မောဟိုက်နေသည်။

"ဆရာ ဘယ်လိုဖြစ်တာလဲဗျ"

"ထိုင် အရင်"

ဆိုဖာပေါ်တွင် ခြေချိတ်ထိုင်နေသော ဆရာမင်းဟန် အရှေ့သို့ ဇွဲရောင်ထင် အသက်ရှူသံပြင်းပြင်းတို့ဖြင့်ဝင်ထိုင်လိုက်သည်။ဆရာမင်းဟန်ဖုန်းဆက်တုန်းကဆိုလျှင် ဇွဲရောင်ထင်မှာ မျက်လုံးများတွင် မီးပွင့်သွားသည်အထိ။အိမ်တွင်ပုံထိုင်ဆွဲနေရင်းမှ ဝရုန်းသုန်းကားဖြင့်ပြေးထွက်လာရာ တံခါးတောင် သော့ခတ်ခဲ့ရဲ့လားမမှတ်မိပါ။သူသည် အရေးအကြောင်းတစ်ခုခုကြုံလေတိုင်း နောက်ကျမှသိရခြင်းကြောင့် ဝမ်းနည်းစိတ်တို့လှိုက်တတ်လာကာ မျက်ရည်တို့ဝဲတတ်လာသည်။သူသည် အမှန်ပင် ဘာသောက်သုံးမှကျသောကောင်မဟုတ်

"ရိုးရာမောင်ကို ငါအိမ်မှာပြန်ခေါ်ထားရလိမ့်မယ်"

"ဗျာ"

မျက်ရည်ဝေ့နေသော မျက်လုံးတို့သည် ချက်ချင်းပင် ပြည့်အိုင်လာကာ မျက်ရည်စီးကြောင်းတို့ အဆက်မပြတ်စီးကျလာသည်။ဇွဲရောင်ထင် မျက်ကွင်းထဲတွင် အရာရာဝေဝါးလာကာ စိတ်တို့မှာလည်းလွှတ်ထွက်သွားသလားပင်

The Moonlit Trunk(လရောင်ပင်စည်)Where stories live. Discover now