Part-33

388 31 13
                                    

စိန့်မယ်ရီဘုရားကျောင်းသည် မီးရောင်စုံများဖြင့်အလှဆင်ထားသောကြောင့် အဝေးမှပင် ထိန်းလင်းနေသည်ကိုလှမ်းမြင်ရသည်။

ယနေ့သည် ပွဲတော်နေ့ဖြစ်သောကြောင့် လူများမှာ ပုံမှန်ထက်ပင်ထူထပ်သိပ်သည်းနေရာ ကားရပ်ဖို့ပင် နေရာအတော်ရှာလိုက်ရသည်။ဗိုလ်အောင်ကျော်လမ်းနှင့် ဗိုလ်ချုပ်လမ်းတို့ဆုံရာတွင် ဆက်တိုး၍ပင်မရအောင် ပွဲလမ်းသဘင်သည် ထင်ထားသည်ထက် ကြီးကျယ်ခမ်းနားစွာဆင်နွှဲနေကြသောကြောင့် နောက်ဆုံးတွင် သူတို့သည် အနောက်ဘက်ရှိ သိမ်ဖြူလမ်းနားတွင်သာ ပါကင်ထိုးခဲ့လိုက်တော့သည်။

ထိုမှတစ်ဆင့် လေးယောက်သားလမ်းဆင်းလျှောက်လာခဲ့ရာ တက်ကြွနေသော ဇေသူရနှင့် ဇွဲရောင်ထင်နှစ်ယောက်မှာ အရှေ့ကဦးဆောင်သွားလေသည်။အနီရောင်အများဆုံးဆင်မြန်းထားသော လူများသည် ဟိုတစ်စုဒီတစ်စုဖြင့် ဘုရားကျောင်း ပတ်လည်တွင် ပြန့်ကျဲနေသည်။နေရာတိုင်း သစ်ပင်တိုင်း အုတ်တံတိုင်း,တိုင်းတွင် မီးရောင်စုံမျိုးစုံချိတ်ဆွဲထားပြီး သီချင်းသံတို့မှာလည်း နေရာအနှံ့အပြားမှ ပျံ့လွင့်နေသည်။အေးမြမြရှိသော ရာသီဥတုရှိသော်လည်း လူစည်နေသဖြင့် အပူငွေ့ဟပ်ကာ ရန်ကုန်ညသည် ချွေးနှင့်မကင်းပါချေ။

သူတို့လေးဦးသည် ရှေ့ဆင့်နောက်ဆင့်ပင်လျှောက်လာရင်း ဘုရားကျောင်းခြံဝန်းအတွင်းသို့လှမ်းဝင်ခဲ့ကြသည်။

"Oh, the weather outside is frightful

But the fire is so delightful

Since we've no place to go

Let it snow, let it snow, let it snow"

ဘုရားကျောင်းအတွင်းမှ စပီကာနှင့်အတူ သံပြိုင်သီဆိုနေကြသော လူအုပ်၏အသံသည် ဘုရားကျောင်းပန်းခြံအတွင်းသို့ပင်ပျံ့လွင့်လာသည်။

"Let it snow,let it snow,let it snow"

ဒီယန်မာတင် သီဆိုထားသော မရိုးရသည့် ခရစ္စမတ်သီချင်းဟောင်းအား ရိုးရာမောင် နှုတ်မှတိုးတိုးလေးညည်းနေမိသည်။ဘုရားကျောင်းကြီး၏ အဝင်ဝနှင့်အတွင်းတွင် လူများပြည့်လျှံကျပ်နေသောကြောင့် သူတို့သည် ဝင်ရန်အလှည့်အတွက် တန်းစီစောင့်နေကြရသည်။

The Moonlit Trunk(လရောင်ပင်စည်)Where stories live. Discover now