ကားသည် ဥာည့်နက်လမ်းမကြီးပေါ်တွင် အရှိန်ပြေးစွာ ဖြတ်ပြေးမောင်းနှင်သွားသည်။စီယာတိုင်အား ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားသော လက်များသည် အကြောများပင်ထောင်ထနေသည်။
တိတ်ဆိတ်ခြင်းကြားထဲတွင် အတွေးပေါင်းစုံတို့၏အသံသည် ကျယ်လောင်စွာအော်ဟစ်မြည်နေသလိုပင်။မင်းဟန်သည် ပေါင်ပေါ်ရှိလက်ပ်တော့အား အာရုံစိုက်လျက် အသံတို့ကိုနားထောင်ကြည့်သည်။ရိုးရမောင်အသံမဟုတ်တာ ကျိန်းသေသော်လည်း ထိုအိမ်ကြီးသည်အန္တရာယ်အရှိဆုံးနေရာဖြစ်သည်။ကိုကိုရှိမှန်းအတည်ပြုရန် အသံမကြားရသေးသောကြောင့် ရောင်ထင်တို့သည် ငါးဆယ် ငါးဆယ် အခြေအနေတွင်သာရှိသည်။တိုက်ခန်းတွင် ကြားရသော် ဆူညံသံများ ကြားကြားချင်း ကားဖြင့်ပြေးခဲ့သော်လည်း သူတို့သည် ဘာရည်ရွယ်ချက်မှ မစဥ်စားခဲ့ပေ။
ရောင်ထင်သည် ထိုခြံကြီးရှေ့သို့ရောက်၍ ခြံလမ်းအသေးလေးအတွင် ကွေ့ဝင်မည်အပြု
"ဒီနားမှာဘဲရပ် ဇွဲရောင်ထင်"
"......."
"သူတို့က အစောင့်အကြပ်တွေချထားတာ မင်းရေရေရာရာမရှိဘဲဝင်သွားရင် ဘာမှထူးမှာမဟုတ်ဘူး"
"ဒါဆို ဒီကိုဘာလို့လာတာလဲဗျ"
"မသိဘူးလေ မင်းနောက်လိုက်ခဲ့တာ"
ရောင်ထင်နှင့် မင်းဟန်သည် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်၍ သက်ပြင်းပြိုင်တူချလိုက်သည်။ဘာဆက်လုပ်ရမလဲမသိတော့ဘဲ ကားပေါ်တွင် အချိန်အတော်ကြာထိုင်နေရာမှ
"ကျွန်တော်တို့ပြန်....."
"ရှူး"
မင်းဟန်သည် တိုးတိုးဟု လက်ညိုးဖြင့်ပိတ်ဟန်ပြလိုက်ပြီး တိုးတိုးဖွဖွထွက်ပေါ်နေသော လက်ပ်တော့သို့ အာရုံစိုက်နားထောင်နေသည်။ရေဒီယိုသံကဲ့သို့ အဆက်အသွယ်လှိုင်းသည် တစ်ဂျစ်ဂျစ်မြည်လာရာ ထိုကြားထဲတွင် စကားသံတို့ တစ်စတစ်စပီပြင်လာသည်။
အချိန်အားဖြင့် ည ၂ နာရီ ၁၇ မိနစ်
"မင်းအတ္တတွေလောဘတွေများလွန်းနေပြီ"
ယောကျာ်းတစ်ယောက်၏အသံသည် မှုန်ဝေဝါးနေသော်လည်း ကောင်းမွန်စွာကြားရသည်။
YOU ARE READING
The Moonlit Trunk(လရောင်ပင်စည်)
Romanceဆုတောင်းတွေကို မယုံပေမယ့် အမြဲဆုတောင်းဖြစ်တယ် ယုံကြည်မှုဖြင့် Gloomy~