ကော်ဖီဆိုင် ဖြူဖြူလေးအတွင်း တိတ်ဆိတ်နေကာ ဆိုင်ပေါက်ဝတွင် ရပ်နေသူသည် ရိုးရာ မျှော်လင့်ထားသည့်သူမဟုတ်။
"မင်းဟန်"
"စပရိုက်စ် ရိုးရာ မင်း ဒီဆိုင်ကိုပြန်ပြင်လိုက်ပြီပေါ့"
"အေးကွ မင်းဘယ်လိုရောက်လာတာလဲ"
"ငါလား ဟန်းနီးမွန်းထွက်လာတာလေ ဟိုးမှာ"
မင်းဟန် ညွှန်ပြသည့် ကော်ဖီဆိုင်အပြင်ဘက်သို့ သူကြည့်လိုက်လျှင် ပြင်သစ်စတိုင်လ် ကုတ်တွဲလောင်း ဦးထုတ်တွဲလောင်းဖြင့် အထုပ်များစွာကိုင်ကာ အလုပ်ရှုပ်နေသည့် ဇေသူရကိုတွေ့သည်။
"ဇေနဲ့ငါ နောက်လ လက်ထပ်တော့မှာ အဲ့ဒါ မင်းကို လာဖိတ်ရင်း ပျားရည်စမ်းခရီးကြိုထွက်လာတာလေ"
"Congratulation သူငယ်ချင်းရာ မြန်လိုက်တာ ငါဝမ်းသာပါတယ်"
"ဒယ်ဒီ"
မီးဖိုနောက်ခန်းမှ အဝတ်ကလေးကိုင်ကာ ပြေးထွက်လာသော ဂျင်ဂျာသည် ရိုးရာအနောက်မှ မင်းဟန်ကို ချောင်းကြည့်သည်။လူဖြူများသောနိုင်ငံဖြစ်သောကြောင့် အရှဆန်သည့်မြန်မာရုပ်ရည်သည် ကလေးအတွက်တော့ ထူးဆန်းလို့နေသည်။
"ဟိုင်း မင်းကဂျင်ဂျာဖြစ်ရမယ် တွေ့ရတာဝမ်းသာပါတယ် ဦးနာမည်က မင်းဟန်"
"ဦးက တရုတ်လား"
အသားဝါဝါ ဆံပင်နက်နက်ဆိုလျှင် တရုတ်ဟုတွေးတက်သည့် လူဖြူများ၏အကျင့်သည် ဂျင်ဂျာလေးတွင်လည်းရှိဟန်တူသည်။မင်းဟန်ဆိုသည့် နာမည်ကလည်း တရုတ် အသံပေါက်တာကိုး
"ဦးက မြန်မာလူမျိုး ဘားဗားလေ မင်းဒယ်ဒီနဲ့တူတူဘဲ ဦးက မင်းဒယ်ဒီရဲ့ သူငယ်ချင်း"
ဂျင်ဂျာသည် ရိုးရာဝတ်ထားသော အေပရွန်ကို ဆုပ်လျက် မော့ကြည့်သည်။ရိုးရာသည် မျက်စပစ်ပြကာ "ပြန်နှုတ်ဆက်လိုက်လေ" ဟု အသံမထွက်ဘဲပြောလိုက်သည်။
"သမီးနာမည်က ဂျင်ဂျာ နော်ဝေးလူမျိုးလို့တော့ မာမီပြောဖူးတယ်"
လူစိမ်းဆို စကားသိပ်မပြောချင်သော ဂျင်ဂျာသည် မျက်နှာကလေးမှုန်ကုတ်ကာ ရိုးရာနားသို့ အတင်းကပ်ထားသည်။မင်းဟန်သည် ရယ်၍ ချစ်စရာလေးဟုဆိုကာ ဂျင်ဂျာ၏ပါးကို လိမ်ဆွဲလိုက်တော့ ဂျင်ဂျာကာ ရှက်သဖြင့် အနောက်ဘက်သို့ ဝင်ပြေးသွားသည်။
YOU ARE READING
The Moonlit Trunk(လရောင်ပင်စည်)
Romanceဆုတောင်းတွေကို မယုံပေမယ့် အမြဲဆုတောင်းဖြစ်တယ် ယုံကြည်မှုဖြင့် Gloomy~