Part-27

357 30 3
                                    

ဇွဲရောင်ထင် အပေါ့သွားချင်သောကြောင့် အိပ်မောကျနေရာမှ မျက်လုံးများပွင့်လာခဲ့သည်။နာရီကိုလှမ်းကြည့်လိုက်သော် ၂ နာရီခွဲ

ဆောင်းဝင်လာပြီဖြစ်သောကြောင့် အအေးဓာတ်လေးစတင်လာပြီဖြစ်ရာ ရောင်ထင် ခြုံထားသော စောင်ကိုဖယ်ခွာ၍ အိမ်သာသွားရန် အခန်းအပြင်သို့ထွက်လာခဲ့သည်။သန်းခေါင်ကျော်ဖြစ်၍ တိတ်ဆိတ်နေသောကြောင့် သူခြေကိုသာ ဖွလျှောက်လာခဲ့သည်။

"ဟင်"

အိမ်သာသွားမည့်လမ်းကလေးမှ မြင်ရသော ဝရန်တာနားတွင် အရိပ်တစ်ခုမြင်လိုက်၍ သူသေချာစေရန် ထိုအနားသို့တိုးသွားလိုက်သည်။မီးမဖွင့်ထား၍ မှောင်ပိန်းနေသောကြောင့် အပြင်ဘက်မှ လရောင်သဲ့သဲ့မှလွဲ၍ မည်သည့်အရာကိုမှ သဲသဲကွဲကွဲမမြင်ရချေ။ငြိမ်သက်နေသော်လည်း လေတစ်ချက်အတိုက်တွင် လှုပ်ရှားသွားသော ဆံပင်ကောက်ကောက်များမှာ ပီပြင်စွာထွက်ပေါ်လာသည်။ရောင်ထင် မီးခလုတ်ကိုအမြန်ဖွင့်၍

"ကိုကို"

ဆတ်ခနဲတုန်သွားပြီး လှည့်ကြည့်လာသော ကိုကို့မျက်လုံးများသည် အထိတ်တလန့်

"ကိုကို ဘာလုပ်နေတာလဲ ဒီမှာ အိပ်မပျော်ဘူးလား"

"ရောင်ထင်"

ရောင်ထင်သည် ကိုကိုထိုင်နေသော နေရာသို့ လျှောက်သွားလိုက်သည်။ဝရန်တာအပေါက်ဝ ကြမ်းပြင်တွင် ဒူးခေါင်းထောင်၍ထိုင်နေသော ကိုကိုသည် သူ့ကိုမျက်တောင်မခတ်စတမ်း လိုက်ကြည့်နေသည်။

"ဘာလုပ်နေတာလဲ မအေးဘူးလား"

"ကိုယ်အိပ်မပျော်ဘူး သူတို့လာကြတယ်"

"ဗျာ ဘယ်သူတွေလာတာလဲ"

ဘာစကားမှဆိုမလာသော ကိုကိုသည် အရှေ့ကိုသာ တွေတွေကြီးငေးနေပြန်သည်။ဧည့်ခန်းအတွင်းရှိ တိုင်ကပ်နာရီမှ တစ်ဂျောက်ဂျောက် မြည်သံသည် သူတို့နှစ်ဦးကြား ကျယ်လောင်စွာ ဟိန်းထွက်နေသည်။

"ကိုကို အိပ်ရအောင် လာဗျာ ကျွန်တော်နဲ့လာအိပ်"

"ဟင့်အင်း အိပ်ရင်သူတို့ကလာကြမှာ"

"ကိုကို ဘာတွေပြောနေတာလဲ ဘယ်သူလာမှာလဲ"

"သူတို့လေ"

The Moonlit Trunk(လရောင်ပင်စည်)Where stories live. Discover now