Part-7

560 38 7
                                    

မိုးရာသီပုံမှန်နေ့များအတိုင်းပင် ရာသီဥတုသည် အုံ့မှိုင်းလျက်ရှိသည်။ကောင်းကင်တိမ်တိုက်သည် ပြိုအံ့ဆဲဆဲ မည်းမှောင်နေသည်။

သူသည် ရင်းနှီးကျွမ်းဝင်နေသော မှန်ပြတင်းအပိတ်မှတဆင့် အပြင်ရှိ လမ်းသွားလမ်းလာများအား မျှော်ကြည့်လိုက်သည်။လည်တစ်ဆန့်ဆန့်ဖြစ်နေသော ကိုယ့်အဖြစ်ကို ပြန်တွေးမိ၍ လူမသိသူမသိ ရှက်ပြုံးပြုံးမိသည်။

*And I've heard of a love that comes once in the lifetime

And I'm pretty sure that you're the love of mine

Cause I'm in the feild of dandelions

Wishing on everyone that you'll be mine,mine*

ကော်ဖီဆိုင်မှ ဖွင့်သော သီချင်းသံသဲ့သဲ့သည် နားထဲသို့ဝင်ရောက်လာသည်။လက်တလောစိတ်ကူးတို့နှင့် ထပ်တူကျနေသော စာသားတို့သည် ထိုလူအားပို၍လွမ်းစေသည်။အလွတ်ရနေသော ထိုသီချင်းကို အာရုဏ်ဦးသည် ခပ်တိုးတိုးလိုက်ဆိုလိုက်သည်။

"Praying the god that one day you'll be mine"

*ကလင်*

ဆိုင်အပေါက်ဝတံခါးတွင်ချိတ်ထားသော ဆည်းလည်းလှုပ်သွားသည့်အသံကြားလိုက်သည်နှင့်တစ်ပြိုင်နက် အာရုဏ်သည် အပေါက်ဝသို့ချာခနဲလှည့်လိုက်သည်။သို့သော် မျှော်မှန်းထားသူ မဟုတ်ပါချေ။"ဟူး" သက်ပြင်းကိုချ၍ ဖတ်လက်စစာအုပ်ကို ပိတ်ချလိုက်သည်။

သူသည် ဘာလို့ဒီလိုတွေလုပ်မိနေမှန်းတွေးမရ။ထိုဝင်တိုက်သောနေ့မှစ၍ နေ့စဥ်နေ့တိုင်း နှစ်နာရီထိုးသည်နှင့် အတန်းချိန်တွေဖျတ်ကာ ဤကဖေးဆိုင်တွင် လာထိုင်နေသည်မှာ တစ်ရက်နှစ်ရက်မကတော့။တိတိကျကျဆိုလျှင် လေးရက်ရှိပြီဖြစ်၏။ထိုလူကိုတော့ဖြင့်မတွေ့၊လေးနာရီထိထိုင်စောင့်နေသော်လည်းမလာ။သို့သော် အပြုံးမပျက်ဆက်စောင့်သော ကိုယ့်စိတ်ကိုလည်း ဩချမိသည်။အာရုဏ်ဦး တို့က အချစ်နဲ့တွေ့မှဘဲ စိတ်တွေရှည်တတ်နေပါလားဟုတောင် တွေးလိုက်မိသေး၏။

အာရုဏ်ဦးသည် အရှေ့စားပွဲပေါ်မှ ဖတ်လက်စစာအုပ်ကို ကြည့်၍အသာလက်ဖြင့်ပွတ်မိသည်။ထိုစာအုပ်မှာ ဆရာမပုညခင်၏ "အချစ်ကိုစောင့်ဆိုင်းခြင်း" ဆိုသော စာအုပ်ဖြစ်သည်။နာမည်နှင့်လိုက်အောင် အချစ်ကိုစောင့်နေသော စာအုပ်ထဲမှ ဇာတ်ကောင် နေသာ ကိုအာရုဏ်တော်တော်သဘောကျသည်။

The Moonlit Trunk(လရောင်ပင်စည်)Where stories live. Discover now