Part-21

455 37 11
                                    

တင်းကျပ်စွာ ဆုပ်ကိုင်ခံထားရသော လက်နှစ်ဖတ်အား ရိုးရာမောင် ရုန်းလိုက်သည်။ရုန်းလိုက်ပါမှ ပို၍ တင်းတင်းကျပ်ကျပ် ဖိကိုင်လိုက်သော ကြောင့် အရှေ့က သူငယ်နှပ်စားကို ရိုးရာ မျက်မှောင်ကြုတ်မိတော့သည်။

"လွှတ်ဦး"

"မလွှတ်ဘူးဗျာ"

"ကျစ်....ကိုယ်ဘယ်မှမသွားဘူးဆို"

"သိတယ် ကိုင်ချင်လို့ကိုင်ထားတာ"

ဇွဲရောင်ထင်၏မျက်နှာတွင် အပြုံးရိပ်တို့ပင်မတွေ့ရဘဲ အေးစက်စွာ ငြိမ်သက်နေသည်။ရိုးရာမောင် သက်ပြင်းမောခိုးချ၍ ငြိမ်ငြိမ်လေးသာနေလိုက်သည်။

ဆေးရုံပြတင်းပေါက်မှနေရောင်ခြည်သည် နွေးထွေးစွာ အခန်းအတွင်းသို့ ထွင်းဖောက်ဝင်ရောက်နေ၏။ညဘက် ထိုအချိန်ကတည်းက တစ်ညလုံး ဖမ်းကိုင်ထားသော လက်တို့မှာ ချွေးစေးတို့ပင်ထွက်လို့နေ၏။ရိုးရာမောင် ပြတင်းပေါက်မှ တစ်ဆင့်အပြင်ဘက်သို့ အကြာကြီးငေးနေမိသည်။ထိုခဏ၌ သူ့စိတ်တွေ အဘယ်ကြောင့် လွှတ်ထွက်သွားမှန်းသူမသိပါ....အဖြစ်အပျက်တို့
အား အကုန်မှတ်မိနေသော်လည်း ထိန်းချုပ်မှုနည်းလာပြီဖြစ်သော သူ့စိတ်အား သူပင်ပြန်ကြောက်လို့လာသည်။ဆေးကုသမှု ခံယူရမည်မှန်း သိသော်လည်း သူမယူချင်ပါ။ထိုကိစ္စတို့ကို ခေါင်းထဲတွင် အစပြန်ဖော်ရမည့် မည်သည့်အလုပ်ကိုမျှ သူမလုပ်နိုင်ပါ။

"ကိုကို"

"ဟင်"

"ကိုကို ဘယ်မှထပ်ပြီးမသွားနဲ့တော့ ကျွန်တော့်နားကထပ်ပြီးမပျောက်သွားနဲ့တော့ဗျာ နော်"

ရိုးရာ ဇွဲရောင်ထင်၏မျက်လုံးထဲသို့ နက်နက်နဲနဲကြည့်လိုက်သည်။ကြည်လင်နေကျဖြစ်သော အရည်လဲ့နေသည့် မျက်ဝန်းအစုံသည် ယခုအခါတွင်တော့ ခံစားချက်မျိုးစုံ ကူးလူးနေသည်။ထိုကလေး၏ တွယ်တာမှုသည် သူ့အား အတိုင်းအဆမရှိ ချည်နှောင်မိနေသည်ကို ရိုးရာမောင် ကြက်သည်းထလုနီပါး မျက်လုံးနက်နက်တို့မှ ခံစားမိလိုက်ရသည်။သူထွက်သွားရမည့်အချိန်ရောက်လျှင် ဘယ်လိုလုပ်ရပါ့မလဲ

"ကိုယ်ဘယ်မှမသွားတော့ဘူး ဒီကနေရော မင်းနားကရော"

စတင်နီရဲ စ,ပြုလာသော မျက်လုံးတို့အား ဖုံးကွယ်၍ ဇွဲရောင်ထင်သည် ခေါင်းကိုငုံ့ချပစ်လိုက်သည်။

The Moonlit Trunk(လရောင်ပင်စည်)Where stories live. Discover now