Part-39

292 29 6
                                    

ဇန်နဝါရီလပိုင်းအလယ်လောက်ရောက်လာခဲ့ပြီဖြစ်သော်လည်း အအေးဓာတ်ကမလျော့ကျသေးပေ။ဓားခုတ်ကောင်နှင့်နှံကောင်တို့သည် အစာစုဆောင်းထားပြီး အိမ်ခန်းအတွင်း၌ ညဘက်ဆိုလျှင် လျှောက်သွားကြသည်။

ပိုးဟပ်၊ပုရစ်တို့အား အလွန်ကြောက်တတ်သော ဇွဲရောင်ထင်ကြောင့် ရိုးရာမောင်မှာ ညဘက်ဆိုလျှင် အငြိမ်မနေရဘဲ စိမ်းရွှေရွှေအနံ့ နံသည့် ပိုးစိမ်းကောင်တို့အား လိုက်ဖမ်းလွှတ်ပစ်ရသည်။ဓားခုတ်ကောင်တို့ ခုန်ပျံကပ်လာလျှင် ငယ်သံပါအောင် အော်ပြေးသော ရောင်ထင်၏ပုံစံသည် ရိုးရာအတွက် အသစ်အဆန်းသဖွယ် ရယ်စရာချစ်စရာကောင်းသည်။ဓားခုတ်ကောင်ပေါက်လေးအား လက်ပေါ်တင်၍ သွားတို့,သော တစ်ခေါက်တွင် ဇွဲရောင်ထင် မျက်ရည်တို့ပါဝဲလာသောကြောင့် အတော်ပင်ပြန်ချော့ယူရသည်။

နေ့ရက်တို့သည် ရုပ်ရှင်တစ်ခုကြည့်နေရသကဲ့သို့ လျင်မြန်စွာကုန်ဆုံးနေသည်။တစ်ရက်တစ်ရက်နှင့် လေယာဥ်လက်မှတ်ပေါ်မှ ရက်စွဲတို့နီးလာသည်ဆိုသော အတွေးအား မတွေးမိအောင်နေကြရင်းပင် ညစဥ်ညတိုင်း လွတ်ထွက်သွားမည့်အလား တင်းကျပ်စွာ ဖတ်တွယ်အိပ်စက်ကြသည်။

"ကိုကို့ကို ချစ်တယ်"

အိပ်ခါနီးတိုင်းပြောတတ်ပြီး ရင်ခွင်ထဲအမြဲတိုးဝင်သော ဇွဲရောင်ထင်ကြောင့် ရိုးရာမှာလည်း ရင်ဘတ်အောင့်မျက်မျက်။ဒီကောင်လေး၏ လက်မလျော့ခြင်းများကို မင်းဟန်၏ဖုန်းကော်လ်များမှ တစ်ဆင့်သိရသည်။ဒါပေသည့်  ခရီးအစတည်းကပင် ကောင်လေး၏ အနာဂတ်ကိုသူအများကြီးတွေးထားပြီးပြီသည်။

အချစ်တစ်ခုကြောင့်နှင့် မိသားစု ဘဝရှေ့ရေးကိုမထည့်တွက်တာမျိုးမဖြစ်စေလို။ကိုယ်တိုင်မရဖူးခဲ့သည့် မေတ္တာတို့ဖြင့် ဇွဲရောင်ထင်အား မိဘများ၏သည်းသည်းလှုပ် သားလိမ္မာလေးသာဖြစ်စေလိုသည်။ဤအရာကြောင့် သူသေမလိုခံစားရမည်ဆိုလျှင် ဒါသည် တန်သည်ဆိုတာထက်ပင်ပိုပါသည်။

ရာသီဥတုသည် ညနက်ပိုင်းဆိုလျှင် ပိုမိုအေးလာပြီး လက်တို့မှာ ထုံကျင်၍မည်သည့်အရာမှခံစားလို့မရတော့ပေ။ချစ်ရသူကနွေးထွေးစွာ အိပ်မောကျနေသော်လည်း သူသည် အတွေးပေါင်းများစွာဖြင့် ဂဏာမငြိမ်အမြဲဖြစ်ရသည်။

The Moonlit Trunk(လရောင်ပင်စည်)Where stories live. Discover now