Part-24

418 38 8
                                    

ကားပေါ်တွင် ငြိမ်သက်စွာ ထိုင်နေမိသည်မှာ အတော်ကြာနေပြီဖြစ်သည်။

မျက်စိရှေ့မှ ကားစီယာတိုင်မှ မျက်စိမလွှဲမိသည်မှာလည်း မင်းဟန်၏ကားပေါ် ပြန်ရောက်လာကတည်းကဖြစ်သည်။ဆေးနှစ်လုံးလောက်သောက်ပြီးသွားသော အခြေအနေသည် မုန်တိုင်းတိုက်ခတ်ပြီး၍ လေငြိမ်သွားသည်နှယ်

ဆိုဖာကိုနောက်မှီ၍ ရှေ့သို့သာကြည့်မိနေသော မျက်လုံးများသည် မှေးစင်းရီဝေစွာ လှိုင်းတွန့်လေးများလှုပ်ရှားနေသည်။တစ်ဖြည်းဖြည်းမှုန်ဝါးလာသော အမြင်အာရုံတို့ကြောင့် မိန်းမောမသွားမိစေရန် ရိုးရာမောင် ကား ရေဒီယိုအား အသာလှမ်းဖွင့်လိုက်သည်။တစ်ဖြည်းဖြည်း ပိတ်ကျခါနီးနေသော မျက်ခွံတို့ကို အားစိုက်ထိန်းထားချိန် ရေဒီယိုမှ သီချင်းသည် နားထဲသို့ တိုးပျံ့ပျံ့ ဝင်လာသည်။

"ရင်ခုန်သံတွေ နီးစပ်ပါရစေ အချစ်ရေ
ဒီကံကြမ္မာအမှောင်တွေကို ကြောက်ရွံ့နေဆဲ

နေရောင်ခြည်မနက်ခင်းကိုရောက်မယ်
အကြင်နာရင်မှာလေ ကိုယ့်ရဲ့လမင်း

အလင်းရောင်"

ငယ်စဥ◌်ကရင်းနှီကျွမ်းဝင်ဖူးသော သီချင်းသံသည် သူနှင့်မစိမ်းပါ။ရိုးရာမောင် မျက်လုံးများမှေးလျက်ပင် နားစွင့်ထားလိုက်သည်။

"သန်းခေါင်ယံ ညနက်ထဲ ကြယ်စင်များလည်း အိပ်စက်
အလင်းရောင်.....အလင်းရောင်

မျှော်လင့်ထားခဲ့သမျှ ရင်မှာရူးသွပ်ဆဲ
အလင်းရောင်.....အလင်းရောင်"

အမြင်အာရုံတို့သည် မှုန်မှိုင်းထွေရီနေသော်လည်း ရိုးရာ၏ အတွေးရေယာဥ်ကြောထဲတွင် ကြည်လင်နေသော အလင်းရောင်တစ်ခု ဝင်ရောက်နေရာယူခဲ့သည်။အလင်းရောင် ဟုတ်သည် ကောင်လေးသည် သူ့အတွက် အလင်းရောင်သူ့ဘဝ၏ ငွေလမင်းနှင့် တူသော မြတ်နိုးရဆုံး၊နူးညံနွေးထွေးဆုံး အလင်းရောင် တစ်ခုဖြစ်၏။သန့်စင်လှပသော ကောင်လေး၏ မျက်နှာကလေးသည် သူ့အားခပ်ဝေးဝေးမှလှမ်း၍ပြုံးပြသည်မှာ ပါးချိုင့်ကလေးများ ထင်းသည်အထိ။ရိုးရာမောင် ရယ်မိလိုက်သည်ထင်၏
ထွေလီနေသော အာရုံတို့လျော့ပါးကာ စိတ်တို့ကြည်လင်စ,ပြုလာသည်။

The Moonlit Trunk(လရောင်ပင်စည်)Where stories live. Discover now