1

643 61 2
                                    

Zgy

Mine 1

"ရားးးးးးး...မင်းးးးး!!!!!"

မျက်ထောက်နီကြီးနဲ့ လက်ညိုးထိုးလာတဲ့ မြို့ကြီးသားကိုကြည့်ပြီး ဘတ်ဟျွန်း ဒူးတွေပင်တုန်ချင်လာသည်။ တကယ်ဆို ဘတ်ဟျွန်း လက်သီးတောင် ဖြောင့်အောင်မထိုးတတ်ပေ။ မတတ်သူအချင်းချင်း ယှဉ်လုံးရင်တောင် ဘတ်ဟျွန်းဘက်က နိုင်ဖို့ ရာခိုင်နှုန်းက ၁ ကျော်ကျော်လေးမှာပဲ။ မဖြစ်နိုင်တာတွေ တွက်ချက်ရင်း ဖြစ်နိုင်တာတစ်ခု ခေါင်းထဲဝင်လာတော့ ဘတ်ဟျွန်းမျက်လုံးလေး လက်ခနဲ။ ဟုတ်တာပဲ။ ဘတ်ဟျွန်း ပြေးတဲ့နေရာမှာ တော်တာပဲ။
ဟက်.....

ရပ်နေရာကနေ လှစ်ခနဲ လှည့်ပြေးလေတော့ ထပ်ကြပ်မကွာပါလာတဲ့ မြို့ကြီးသား။ ဒါပေမယ့် ဘတ်ဟျွန်း စိတ်ထဲက ရယ်လိုက်သည်။ ပင်လယ်က ကလေးတွေအားလုံးရော အလယ်တန်းက အစ်ကိုကြီးတွေရောတောင် ဘတ်ဟျွန်းကို မှီအောင် မပြေးနိုင်တာ အဲ့ဒီမြို့ကြီးသားက ဘယ်လိုမှီအောင် ပြေးနိုင်ပါ့မလဲ။

သို့သော် အတွေးပင်ဆုံးခွင့်မရလိုက်ပေ။ အဲ့ဒီမြို့ကြီးသားက ဘတ်ဟျွန်းနားမှာ ကပ်ရပ်ရောက်နေပြီ ဖြစ်သည်။ မဟုတ်သေးဘူးလေ။ ဒီကောင်က ဘာလို့ ဒီလောက်အပြေးသန်နေရတာလဲ။ ဒါတေါ့ တကယ်မဟုတ်သေးဘူးလေ။

"အာ့..."

ဂုတ်ပေါ်ကနေ ဆောင့်ဆွဲချခံလိုက်ရတဲ့ အားက နည်းနည်းနောနော မဟုတ်။ ဘတ်ဟျွန်းတစ်ယောက် ကျောက်စရစ်လမ်းပေါ် ပစ်လဲသွားတာ အင့်ခနဲ။ မြို့ကြီးသားကတော့ အပေါ်စီးကနေ ဟောဟောဟဲဟဲနဲ့ စိုက်ကြည့်လျှက်။

ဉီးဏှောက်ထက်အရင်စောစီးစွာ ထွက်လာတဲ့ ဝေါဟာရက

"တောင်း...တောင်းပန်ပါတယ်...
ငါတကယ် အဲ့လိုမရည်ရွယ်ပါဘူး။
တကယ် ပြောတာ ပြန်လျှော်ပေးမယ်လေ... အဲ့တာ ငါပြန်လျှော်ပေးမယ်...
နော်...နော် ...
ငါ့ကို ထိုးတော့ မထိုးဘူးမလား..."

"မင်းက ငါ့စကိတ်ဘုတ်ကို ပြန်လျှော်နိုင်လို့လား..."

"အင်း သေချာတယ် သေချာပြန်လျှော်ပေးမယ် ဟီးးး.."

မချိသွားဖြဲ ဆိုတာမျိုး ဖြဲပြလိုက်ပေမယ့် ကုတ်ချိုးထားတဲ့ မျက်ခုံးတန်းတွေက ဖြေလျော့ခြင်းအလျင်းမရှိ။ ဒါက မယုံကြည်တဲ့ သဘောလား။ ဘာလဲ လူကိုအထင်သေးတာလား။ အဖေ့ကို ပြန်လုပ်ခိုင်းရင် handmade တောင် ရဉီးမှာကို။

MINE(Completed)Where stories live. Discover now