11

346 47 3
                                    

Zgy

Mine 11

"ရား"

ချန်းယောလ်မသိအောင် အချိန်ပိုင်းအလုပ်ခိုးလုပ်နေတဲ့ ဘတ်ဟျွန်းရဲ့ အိမ်ပြန်ချိန်တွေဟာ တစ်ယောက်တည်း။ အိမ်နဲ့နီးရင် ပတ်ချန်းယောလ် လက်ချက်နဲ့ ဘယ်နည်းနဲ့မှ လုပ်လို့မရနိုင်တာမို့ အိမ်နဲ့ အနည်းငယ်အလှမ်းဝေးတဲ့ စာအုပ်ဆိုင်လေးမှာ ဘတ်ဟျွန်း အချိန်ပိုင်းလုပ်တာ ၁ လနီးပါးရှိပြီး အလွန်လဲ အဆင်ပြေတာဖြစ်သည်။

"ဒီနေ့တော့ မင်းသခင်မပါဘူးလား
နောက်လိုက်ခွေးလေး"

ဆောင့်တွန်းခံလိုက်ရတဲ့ ပုခုံးတစ်ဖက်ရယ် နံရံနဲ့ ရိုက်မိသွားတဲ့ ကျောပြင်တစ်လျှောက်ရယ်။ ပတ်ချန်းယောလ် မရှိတဲ့ စက္ကန့်တိုင်းက လွယ်ကူမနေပေ။

"ဒါနဲ့ မသိလို့မေးပါဉီးမယ်
မင်းက ချန်းယောလ်ရဲ့ နောက်လိုက်ခွေးလား
ဒါမှမဟုတ်
အစေခံလား
ဟားဟားဟားး"

လှောင်ရယ်သံတွေက သိပ်ခါးတယ် ချန်းယောလ်။ ငါဘယ်လိုပြောလိုက်သင်လဲ။ မင်းအပိုင်လို့လား ဒါမှမဟုတ်ရင် တကယ်ပဲငါက သူတို့ပြောသလိုမျိုး ဖြစ်နေတာလား။

"ဖယ်ပေး"

"ဖယ်ပေးတဲ့ ဟေ့ရောင်တွေ
ဟားဟားးး
မင်းတို့ရော ဖယ်ပေးချင်လား
ငါတော့ မဖယ်ပေးချင်ဘူးး"

သူ့သူငယ်ချင်းတွေ ဖြစ်ဟန်တူတဲ့ နောက်ကလူတွေဆီ လှည့်ပြောတာပေမယ့် ချက်ချင်းပဲ ပြန်လှည့်လာတာဖြစ်သည်။ ပုခုံတစ်ဖက်ကို နောက်တစ်ကြိမ်ဆောင့်တွန်းခံလိုက်ရပြီးတဲ့နောက်မှာ ဘတ်ဟျွန်း ပါးပြင်ပေါ်ကို ကြမ်းတမ်းတဲ့ လက်ဖဝါးတစ်ဖက်က တစ်ဖတ်ဖတ် စည်းချက်ကျ ရိုက်ခတ်နေတယ်။

"မင်းလို မိဘမဲ့က ဘာအဆင့်ရှိလို့
ဖယ်ပေးလို့ ပြောရဲတာလဲ
ဟမ်း
ချန်းယောလ်အားကိုးနဲ့ ကျောင်းတက်နေတဲ့ကောင်က
ဘာလဲ ချန်းယောလ်ရှိတယ်ဆိုပြီး မင်းကိုမင်း ဟုတ်လှပြီထင်နေတာပေါ့
ဟက် ...
ဒါဆို ခေါ်လိုက်လေ မင်းရဲ့ ချန်းယောလ်က မင်းလိုကောင်ခေါ်ရင် လာလားကြည့်ရအောင် "

ဘတ်ဟျွန်း ပါးပြင်တွေ နာကျင်နေပြီး ဖိထားခံရတဲ့ ပုခုံးတစ်ဖက်ကြောင့် ကျောတစ်ပြင်လုံးလဲ ကျိမ်းစက်နေပြီ။ ဘယ်လိုပဲ ဂျူဒို သင်ထားတယ်ဆိုဆို ဒီသုံးယောက်အားကို ဘတ်ဟျွန်းနိုင်ဖို့မသေချာ။ ပြီးတော့ အခုမှ သင်ခါစမို့ ဘတ်ဟျွန်း ကျွမ်းကျင်အဆင့်လဲ မဟုတ်သေး။ ဒါကြောင့်

MINE(Completed)Where stories live. Discover now