29

285 37 4
                                    

Zgy

Mine 29

ချန်းယောလ်ဟာ မိခင်ရဲ့ ထွက်သွားတဲ့ကျောပြင်ကို ငေးရင်း ကျောမှီထိုင်ခုံမှာ ကျောလှန်ချပစ်လိုက်တယ်။ ပြီးတော့ မျက်နှာကို ခပ်ကြမ်းကြမ်းပွတ်ရင်း စိတ်လက်ညစ်ညူးစွာ လေပူတွေ မှုတ်ထုတ်လိုက်တယ်။

ငါမင်းကို ဆတိုးကိန်းများစွာနဲ့ လွမ်းနေတယ်။

*******
၃ လကြာပြီးနောက်...

ချန်းယောလ်က ဒီနေ့ အရေးကြီးကိစ္စတစ်ခုနဲ့ ပြင်သစ်ဘက်ကို ဘုတိအဖွဲ့အစည်းအဝေးတက်ဖို့ သွားရမှာဖြစ်တယ်။ လက်ဆွဲအိတ်လေးတစ်လုံးရယ် လေယာဉ်လက်မှတ်ရယ်ကလွဲလို့ ဘာပစ္စည်းမှ အပိုမသယ်တတ်တဲ့သူက အခုလဲ လက်ဆွဲတစ်လုံးဆွဲလို့ လေဆိပ်မှာ ဖြစ်တယ်။ အတွင်းရေးမှူဖြစ်တဲ့ အိုဆယ်ဟွန်းကတော့ အတူလိုက်ခဲ့ဖို့ပြောပေမယ့် ဒီကအလုပ်ကိစ္စတွေအတွက် သူမရှိတောင် အတွင်းရေးမှူးတော့ရှိမှာမို့ ထားခဲ့ရတယ်။

မြောက်မြားစွာသော လူတွေထဲမှာ တိုးဝှေ့ရင်း ချန်းယောလ်အလုပ်ရှုပ်နေတုန်းမှာ လေဆိပ်ရဲ့ အထက်ဘက်အသံချဲ့စက်ကနေ လေယာဉ်တစ်စင်းဆိုက်ကပ်ကြောင်းကြေငြာနေသံ ထွက်ပေါ်လာတယ်။ ဒါပေမယ့် ဘယ်ကဆိုက်ကပ်တဲ့ လေယာဉ်လဲဆိုတာတောင် သူ့အာရုံမှာ မရှိဘူး။ ခနအကြာမှာ လူတွေ အစီအရီ ထွက်ပေါ်လာတယ်။

ချန်းယောလ်လက်ကနာရီကို ငုံ့ကြည့်လိုက်တော့ လေယာဉ်တက်ဖို့ ၁၅ မိနစ်လောက်တာလိုတော့တာမို့ သူလက်မှတ်စစ်တဲ့ဂိတ်ဆီဉီးတည်လိုက်တယ်။ သူ့လက်မှတ်တွေ အိတ်တွေအကုန်စစ်ဆေးပြီးလို့ သူဟာ အတွင်းဘက်ကို လျှောက်သွားချိန်မှာ ခပ်အုပ်အုပ်ဆံနွယ်ညိုတွေက အမှတ်မထင် အာရုံမှာဆွဲငြိလာတယ်။ အစောင့်တစ်ယောက်က သူ့ကို အတွင်းဘက်ကို ဆက်လျှောက်ဖို့ ဆော်သြနေသံဟာ ချန်းယောလ်နားထဲ ကြားတစ်ချက် မကြားတစ်ချက်။

ခုနကထိ လက်ထဲကိုင်ထားဆဲ အိတ်ကလေးကလဲ ချန်းယောလ်စိတ်ထဲမရှိတော့ဘူး။ ရှေ့ဆက်ရမယ့် ခြေလှမ်းတွေအစား အညိုရောင်သမ်းနေတဲ့ ဆံနွယ်တွေဆီမှာ သူ့စိတ်အလုံးစုံ တွယ်ငြိလို့။
လှည့်ထွက်လာတဲ့ သူ့ကို တစ်စုံတစ်ခုပြောနေပေမယ့် သူအခုနည်းနည်းလေးတောင် နောက်ပြန်လှည့်ကြည့်ချင်စိတ်မရှိဘူး။
အောက်စိုက်ချထားတဲ့ မှေးတေးတေး မျက်ဝန်းလေးကို ပျောက်ကွယ်သွားမှာစိုးလို့ ချန်းယောလ် မျက်တောင်တောင် မခတ်ရဲဘူး။ ပြင်းပြလာတဲ့ အသက်ရှုသံတွေက မောဟိုက်လာသလိုပေမယ့် နည်းနည်းလေးတောင် မောတယ်လို့မခံစားရပဲ ကြည်နူးစိတ်တွေ ယိုဖိတ်နေတာ တားမရဆီးမရ။ ဒီအမျိုးသားလေးက ဒီမြေကို ခြေပြန်ချပြီတဲ့လေ။

MINE(Completed)Where stories live. Discover now