40(Final Part)

606 43 2
                                    

Zgy

Mine 40 (final part)

TV ဖန်သားပြင်ပေါ်က သတင်းကြော်ငြာသံဟာ နယ်ဘက်အိမ်လေးထဲ ပျံ့လွင့်နေတယ်။ ဘတ်ဟျွန်းက မနေ့ကမှ ဝယ်လာတဲ့ ဂေါ်ဖီထုပ်တွေကို ရေခဲသေတ္တာထဲ ထည့်နေတာဖြစ်တယ်။ ချန်းယောလ်ကတော့ ဉီးလေးကြီးဆီက ဘာတွေ သွားသယ်လာလိမ့်မလဲ မသိသေးပေ။

ဒီရက်ပိုင်းတွေမှာ စိတ်အစဉ်ဟာ အလွန်ချမ်းမြသာယာနေတာဖြစ်တယ်။ ဒီတစ်ခေါက် နားတဲ့သင်္ဘောမှာ ဘတ်ဟျွန်းက မနားခဲ့ရသလောက် နားလိုက်ဖို့ စိတ်ကူးတွေနဲ့ တစ်ရွာတစ်ကျီဆောက်နေသူဖြစ်တယ်။

စိတ်ကူးတွေ ပျံ့လွင့်နေတဲ့ ဘတ်ဟျွန်းအာရုံထဲမှာ သတင်းလွှင့်သံက ကြားတစ်ချက် မကြားတစ်ချက်။ တမင်မရည်ရွယ်ပါပဲ သတိထားမိတဲ့ အမည်နာမတစ်ခုဟာ လုပ်လက်စမှန်သမျှ ရပ်တန့်သွားတဲ့အထိ။ ကိုင်ထားလက်စ ဂေါ်ဖီထုပ်ကလေး လွတ်ကျသွားတဲ့အထိ။

"....cot.ltd. မှ ရှယ်ယာများပိုင်ရှင် Mrs. Park ဟာ မနေ့ညနေမှာပဲ သူ၏ အတွင်းရေးမှူးဖြစ်သူနဲ့အတူ ဖမ်းဝရမ်းနဲ့တစ်ကွ ဖမ်းဆီးခံလိုက်ရတာပဲဖြစ်ပါတယ်.

ဖမ်းဆီးခံရတဲ့ အကြောင်းအရင်းကတော့ လွန်းခဲ့သော ၈ နှစ်က Mr.Park သေဆုံးမှုဟာ အတွင်းရေးမှူးရဲ့ စေခိုင်းချက်ကြောင့်ဟူသော အမည်မသိ သတင်းပေး တစ်ယောက်ကြောင့် ဖော်ထုတ်ခဲ့ပြီး Mrs. Park ကတော့ တရားမဝင် ငွေကြေးနှင့် ကုမ္မဏ္ဍီရံပုံငွေ အလွှဲသုံးစားလုပ်မှု အပါအဝင် တခြားသော အဂတိမှု ၃ ခုနဲ့ စွဲချက်တင်ခံရတာပဲ ဖြစ်ပါတယ်။

နောက်ထပ်ရရှိ..."

"ဟျွန်းနီး.... ဉီးလေး ဂဏန်းချက်ထားတာ ကိုယ်ယူလာတယ်.."

တီခနဲ တိတ်ကျသွားတဲ့ TV ဖန်သားပြင်ရယ်။ ကြည်စင်စွာ ဝင်လာတဲ့ မြို့ကြီးသားရယ်။
အရာရာဟာ နာကျင်စရာပါပဲ။ ဘယ်လိုအကြောင်းအရာနဲ့ဖြစ်ဖြစ် နာကျင်မှုတစ်စိုးတစ်စိမျှတောင် ဒီလူသားအပေါ် မရှိစေချင်တော့တာဟာ အတ္တလို့ ခေါ်မလား။
ကိုယ်ကတော့ ဘာပဲဖြစ်ဖြစ်လက်ခံလိုက်လို့ဖြစ်ပေမယ့်။ အနည်းဆုံးတော့ မင်းမနာကျင်စေရ။

ထမင်းဝိုင်းမှာ တိတ်ဆိတ်နေတဲ့ ဘတ်ဟျွန်းကို ချန်းယောလ်ဟာ အရိပ်တကြည့်ကြည့်။ ဒီလူသားဟာ နှလုံးသား ဘယ်လောက်ထိနုသလဲဆို ဘတ်ဟျွန်းသာအသိဆုံးမို့ မကြာသေးမီကမှ သိထားရတဲ့ သတင်းတစ်ခုကိုပြောသင့်မပြောသင့် ဘတ်ဟျွန်းမပိုင်းခြားနိုင်သေးဘူး။ နာကျင်သွားရမှာ နှလုံးသားတစ်ခုဆိုရင် အဲ့ဒီနှလုံးသားလေး ဘတ်ဟျွန်းနဲ့သက်ဆိုင်တာမို့ စိတ်ပူပန်ရပါတယ်။

MINE(Completed)Where stories live. Discover now