Zgy
Mine 9
"တောက်... အရိုင်းအစိုင်းလေး"
"နေစမ်းပါဟာ
အဲ့လိုတောင်းသွားတော့လဲ ငါတို့ အလုပ်မရှုပ် ခေါင်းမရှုပ်တော့ဘူးပေါ့""ဒါပေမယ့် အဲ့ အရိုင်းစိုင်းလေးက ဒီအိမ်ကို အပိုင်ကြံချင်နေတာနေမှာ
ပြောသွားတာ မကြားဘူးလား
ထိရင် ဘာလုပ်မယ် ညာလုပ်မယ်လေးနဲ့
သူလို မလောက်လေးမလောက်စားကများ..""နင့်ပစ္စည်းလဲ မဟုတ်ပဲ မက်မနေစမ်းပါနဲ့
လူတစ်ယောက်တာဝန်က နည်းတာမဟုတ်ဘူး
ဒီအိမ်က ဘယ်လောက်ရမှာမို့လဲ..""ဟွန့်"
မဲ့ရွဲ့နေတဲ့ ညီမဖြစ်သူရယ် ဆေးလိပ်တစ်လိပ် ဇိမ်ခံသောက်နေတဲ့ အစ်ကိုဖြစ်သူရယ်။ ပြီးတော့ ဧည့်ခန်းထဲက ပြုံးရယ်နေတဲ့ ဓာတ်ပုံတစ်ပုံရယ်။ အရာရာဟာ တိတ်ဆိတ်လို့။
***************
"ဘတ်ဟျွန်း နံရိုးချက်ထားတယ်
သေချာလေးစားလိုက် မင်းအရင်ရက်တွေကလည်း ကောင်းကောင်းမစားထားဘူးမလား"ဘတ်ဟျွန်းက ဘာမှ ပြန်မဖြေပဲ ဉီးလေးအသင့်ခူးပေးထားတဲ့ စားပွဲမှာ ဝင်ထိုင်ပြီး ငြိမ်သက်စွာပဲ အစား စားခြင်းကို လုပ်ဆောင်တယ်။ ဉီးလေးရော ချန်းယောလ်ရော အရိပ်တကြည့်ကြည့်ဖြစ်နေပေမယ့် ဘတ်ဟျွန်းက တကယ်ကိုပဲ ထမင်းကို အဆက်မပြတ်စားနေခဲ့တယ်။
"ဘတ်ဟျွန်း တော်ပြီ"
ချန်းယောလ်က ဘတ်ဟျွန်းရဲ့ စားလက်စပန်းကန်လုံးလေးကို ဆွဲလုလိုက်တယ်။ ဒါနဲ့ဆို ငါးပန်ကန်မြောက်ဖြစ်နေပြီ မဟုတ်လား။
ဘတ်ဟျွန်းက ချန်းယောလ်မျက်နှာကို တစ်ချက်သာ စိုက်ကြည့်ပြီး ထမင်းပန်ကန်ကိုပဲ ပြန်ဆွဲလုတယ်။
"ဘတ်ဟျွန်း တော်ပြီလို့
ပြောနေတယ်မလား
အစာမကြေဖြစ်လိမ့်မယ်""ငါမဝသေးဘူး"
"မဝသေးတာမဟုတ်ဘူး ဘတ်ဟျွန်း
မင်း ဝမှန်း မဝမှန်းကို မသိနေတာ
တော်တော့ "ဘတ်ဟျွန်းက ချန်းယောလ်လက်ထဲက ထမင်းပန်းကန်ကို ပြန်မလုတော့ပဲ ဉီးလေးဆီ ဉီးတည်ကာ
YOU ARE READING
MINE(Completed)
Fanfiction**Mine** တစ်ယောက်က နာကျင်မှုကို စီးကရက်ငွေ့တွေလို ရှိုက်ထုတ်ပြစ်လိုက်တယ်🚬🚬 နောက်တစ်ယောက် ဘရန်ဒီတစ်ပုလင်းလို မြုချလိုက်တယ်🍾🍾 ဒါဆိုရင် အချစ်ဟာ ဘယ်လိုအရသာပါလဲ.....????