2

465 48 5
                                    

Zgy

Mine 2

ဘတ်ဟျွန်းတို့ အိမ်ရှေ့မှာတော့ အဖေက သစ်သားတွေကို ကိရိယာမျိုးစုံနဲ့ ထွင်းထုပုံဖော်နေတယ်။ ခပ်လှမ်းလှမ်းထဲက အဖေက ဘတ်ဟျွန်းလာနေတာကို လှမ်းမြင်နေရတာမို့ အထွေအထူးတော့ မဟုတ်ပါဘူး။
သြော် ဒါနဲ့ အဖေက ပရိဘောဂတွေကို အနုစိတ်လုပ်တဲ့ သူတစ်ယောက်ပေါ့။ ဒီပင်လယ်ဒေသမှာတော့ ဘယ်လို လက်လုပ် ပရိဘောဂမဆို အဖေ့ဆီမှာပဲ လာခိုင်းတတ်ကြတယ်။ အဖေ့လက်ရာက သေသပ်ပြီး ခိုင်မြဲတာကြောင့်လဲ ဖြစ်ပါမယ်။
ဒါတွေထားပါ။
မြို့ကြီးသားအကြောင်း ဆက်ပြောကြမယ်။

"အဖေ့ သားပြန်ရောက်ပါပြီ..."

"အင်း ရေမိုးချိုးပြီး ထမင်းစားပွဲပြင်ထားနှင့်နော် အဖေခဏလေးနေရင် လာခဲ့မယ်...
ဒါနဲ့ သားသူငယ်ချင်းမို့လား ဘတ်ဟျွန်း.."

အဖေ့နားမှာ ယောင်ပေပေရပ်နေတဲ့ မြို့ကြီးသားကို အဖေက မမြင်ဖူးသလို ကြည့်ရင်း ဘတ်ဟျွန်းဆီ အတည်ပြုပါတယ်။ သူငယ်ချင်းမဟုတ်ဘူး အဖေရေ အကြွေးရှင်လို့သာ ဖြေလိုက်ချင်တော့တယ်။
သို့သော်...

"ဟုတ် အဖေ ..
သူက မြို့ကလာတော့ သားတို့အိမ်လိုက်လည်ချင်တယ်ဆိုလို့..."

"အဲ့တာဆိုလဲ အိမ်ထဲခေါ်သွားလေ ..
သူငယ်ချင်းကို ဘာလို့ ထားခဲ့တာလဲ သားရဲ့..."

"ဟို ဝင်လာလေ ..."

"အင်း"

ဘတ်ဟျွန်း မမဲ့မိအောင် မနည်းထိန်းရင်း အိမ်ထဲကို ဝင်လာခဲ့တယ်။ မသိရင် သူ့လုပ်စာပဲ ဘတ်ဟျွန်းတို့ သားအဖက ထိုင်စားနေတာလိုပါပဲ..

"ခဏ ထိုင်ဉီး ငါရေသွားချိုးလိုက်ဉီးမယ်..."

မျက်လုံးတစ်ချက်သာ လှန်ကြည့်ပြီး သူက အိမ်ထဲက အဖေလုပ်ထားတဲ့ လက်မှုပညာတွေကို အသေအချာကို စူးစမ်းနေတော့တယ်။ သူ့အိမ်သူ့ယာလို ရင်းနှီးမှုမျိုးနဲ့ မြို့ကြီးသားက အဖေ့လက်ရာတွေကိုတော့ သဘောကျပုံပါပဲ။ ကရုတစိုက်ကို ကိုင်တွယ် ပွတ်သပ်ကြည့်နေတော့တာ။
ဒါကြောင့် ဘတ်ဟျွန်းလဲ ရေချိုးဖို့ မြန်မြန်ဆန်ဆန်လုပ်ရတယ်။ ပြီးရင် ထမင်းစားဖို့ ပြင်ပေးရဉီးမယ်။ သားအဖနှစ်ယောက်တည်း နေတဲ့အိမ်မို့ အဖေက ထမင်းဟင်းချက်ထားပြီး ဘတ်ဟျွန်းတာဝန်က ခူးခပ်ပေးဖို့ရယ် စားပြီးသားတွေ ဆေးဖို့ရယ်ဖြစ်တယ်။ ရေချိုးပြီးထွက်လာတဲ့အထိ မြို့ကြီးသားက ကြည့်လို့ရှုလို့ကောင်းတုန်းဖြစ်တယ်။ မနှစ်ကမှ ဘတ်ဟျွန်းအတွက် အဖေလုပ်ပေးထားတဲ့ သစ်သားသင်္ဘောလေးကို မြို့ကြီးသားက စိတ်ဝင်တစားစူးစမ်းနေတယ်။

MINE(Completed)Where stories live. Discover now