37

278 34 3
                                    

Zgy

Mine 37

သိပ်သည်းနေတဲ့ နှင်းထုနဲ့အပြိုင် အေးစက်နေတဲ့လေထုဟာ ဘတ်ဟျွန်းနဲ့ ချန်းယောလ်ကို စည်းခြားထားတယ်။
တရွေ့ရွေ့ကုန်ဆုံးလာတဲ့အချိန်တွေနဲ့အတူ ကားထဲက Heater က ဆက်ပြီးတောင့်မခံနိုင်တော့ဘူးထင်ပါတယ်။
အလုံပိတ်ထားတဲ့ကားရဲ့ ပြတင်းကနေ မြင်ရတဲ့ ညရဲ့ကောင်းကင်က မဲမဲမှောင်နေတယ်။ ကောင်းကင်လို့သာဆိုပေမယ့် တကယ်မြင်နေရတာက လေထုလား နှင်းပိတ်နေတဲ့ ဟင်းလင်းပြင်လား မသေချာပါဘူး။ ဒါပေမယ့် ပတ်ဝန်းကျင်တစ်ခွင်လုံး ဝေဝါးနေတာဟာ ဘတ်ဟျွန်းတို့ရဲ့ ရှေ့ဆက်ရမယ့်လမ်းလိုပင်။

ဘတ်ဟျွန်းလက်ဖျားတွေကို လာရောက်ထွေးကိုင်လာတဲ့ လက်ဖဝါးနွေးနွေးဟာ တကယ်ပဲ ဘတ်ဟျွန်းအတွက်ဟုတ်ရဲ့လား မသေချာတော့ပေ။
ပင်လယ်ဇင်ယော်တွေကို ကျောခိုင်းခဲ့တုန်းက၊ ပင်လယ်လေတွေဆီ လက်ပြခဲ့တုန်းက ပြီးတော့ စီးကရက်ဘူးတွေကို စွန်းပစ်ခဲ့တုန်းကတော့ ဘတ်ဟျွန်းဆီမှာ သေချာတဲ့ အကြောင်းတရားတွေနဲ့။ ဒီလူသားဆီက ချစ်ခြင်းမေတ္တာကို ယုံကြည်မှု အပြည့်အဝနဲ့။ ပြီးတော့ ဘတ်ဟျွန်းငေးကြည့်ခဲ့တဲ့ အနာဂတ်ဟာ အရောင်တလက်လက်နဲ့။

တကယ်ဖြစ်လာပါ့မလားဆိုတဲ့ စိုးရိမ်စိတ်လေးဟာ ဒီလူသားရဲ့ တွေဝေမှုတြွေမင်တိုင်း၊ နာကျင်ရိပ်တြွေမင်တိုင်း၊ ပြီးတော့ ဖုံးကွယ်ထားတာတွေတွေ့ရတိုင်း ဆထက်တန်ဘိုး တိုးလာပါတယ်။ တကယ်ပဲ ချန်းယောလ်ဟာ ဘတ်ဟျွန်းကို ဘယ်အရာကို ဖုံးကွယ်ထားပါသလဲ။

တကယ်ဆို ဘယ်လိုအကြောင်းအရာကိုမဆို မျက်စိမှိတ် ခေါင်းညိမ့်ပေးလိုက်ဖို့အထိ စဉ်းစားဆုံးဖြတ်ပြီးမှ ဒီရင်ခွင်ဆီပြန်လာတာပါ။
တကယ်ဆို အနာကျင်ဆုံးလုပ်ရပ်ကိုတောင် ခွင့်လွတ်ပေးတဲ့အထိ ချစ်ခဲ့တာပဲ မဟုတ်လား။
ဒါကိုတောင် ချန်းယောလ်ဖုံးကွယ်ထားတဲ့အရာဟာ တကယ်ကို ဘယ်အရာများပါလိမ့်။
ဘယ်လိုအကြောင်းတရားပါလိမ့်။

"ဟျွန်း"

ဆွေးမြေ့မြေ့ ချန်းယောလ်အသံဟာ နာကျင်ဖွယ်။

"တကယ်ကို တောင်းပန်ပါတယ်
အခုလိုမျိုး အတင်းတွယ်ကပ်မိတာရော
ကာကွယ်ပါမယ်လို့ ကြီးကြီးကျယ်ကျယ်တွေပြောပြီး အကြိမ်ကြိမ်နာကျင်စေခဲ့တာတွေအတွက်ရော
ပြီးတော့ ဟျွန်းကို ဘယ်တော့မှ ဘယ်လိုအကြောင်းနဲ့မှ လက်မလွှတ်နိုင်တာကိုရော..."

MINE(Completed)Where stories live. Discover now