Zgy..
Mine 21
"ဟေ့ ဗြောင်...
ဘယ်တော့မှ ငါနဲ့အတူ ဘရန်ဒီသေါက်မှာလဲကွ..."ဒါဟာ ဒီနှစ်တွေထဲမှာ ကင်ဉီးလေးကြီး အပြောများဆုံး စကားပင်။ ဘရန်ဒီပုလင်းနဲ့ ရီဝေနေတဲ့ ကင်ဉီးလေးကြီးက ပင်လယ်ပြင်ကို ကျောပေးပြီး ငါးသားပြားလေးတွေ မြည်းရင်း ဘတ်ဟျွန်းကို ခေါ်တယ်။ ဘတ်ဟျွန်းက ပင်လယ်ပြင်ကို မျက်နှာမူပြီး စီးကရက်တွေ တစ်လိပ်ပြီး တစ်လိပ်ရှိုက်သွင်းစားသုံးနေရာကနေ နှုတ်ခမ်းလေးလှုပ်ယုံပြုံးလိုက်တယ်။
"ကင် ဉီးလေးကြီးရော
ဘယ်တော့မှ ပင်လယ်ကို မျက်နှာချင်းဆိုင်မှာလဲ ဗျ....""ဟားဟားး
ဒီကောင်လေးက လူကို ပြောစရာမရှိအောင် မေးတတ်တယ် ဟ...""ပြောဗျာ ကျွန်တော်လဲ အဲ့ဒီနေ့ ဘရန်ဒီ မြည်းမယ်..."
"ပင်လယ်က မိန်းမနဲ့ တူတယ်ကွ...."
ဉီးလေးကင်က ဒီစကါးကို ရယ်သံစွက်ပြီးပြောလိုက်တာပေမယ့် အဲ့ဒီရယ်သံအက်အက်ကြီးထဲမှာ အက်ကွဲကြောင်းတွေ ပါမှန်း ဘတ်ဟျွန်းရိပ်မိနေတတ်ပြီ။ မငိုတတ်တဲ့ မျက်ဝန်းတွေက ပိုပြီး နာကျင်တတ်ပါကြောင်း...
"ကောင်လေး အမြည်းမစားတော့ဘူးလား..."
"တော်ပါဗျာ....
စီးကရက်ရှိုက်ဖို့ အမြည်းမှ မလိုတာပဲ..."ဟုတ်တာပေါ့။
စီးကရက်တစ်လိပ်ကုန်ဆုံးဖို့ အမြည်းမလိုဘူး။ တမင်ကို တွဲဖက်မလိုတာမျိုးကို သူရွေးချယ်ခဲ့တာ။
ဘရန်ဒီသေါက်ရင် အမြည်းလေးတော့ ပါရမှာပဲ..
သူဘရန်ဒီ မသောက်..
တစ်ခု တစ်ကောင် တစ်ယောက်..
သူ မ ကိန်းတွေကို စွဲလမ်းလာတယ်
သူ့နှလုံးသားလေးက မေးတယ်
မင်းစွဲလမ်းတာ အမျိုးသားတစ်ယောက် မဟုတ်လားတဲ့...ဟက်....ဟင့်အင်း မ ကဏန်းတွေကိုပါ
ကိုယ့်ကိုကိုယ် ညာရတာ အရာရာထက် ပိုခက်ပါတယ်။ပင်လယ်မှာ သောင်တင်နေတာ ၅ နှစ်..
ကိုးရီးယား ပြန်မရောက်တာ ၈ နှစ်...
ဒီနှစ်တွေထဲ အဆင်ပြေရဲ့ဆိုတဲ့ မေးခွန်းကို ဘတ်ဟျွန်း တစ်ခါမှ ပြန်မမေးကြည့်ခဲ့ဘူး..
ပြိုလဲ မခံနိုင်သေးတဲ့ ခြစားထားတဲ့ တောင်ဝှေးတစ်ချောင်းလို ရောက်ရာအရပ်မှာ မလှုပ်မယှက်...
YOU ARE READING
MINE(Completed)
Fanfiction**Mine** တစ်ယောက်က နာကျင်မှုကို စီးကရက်ငွေ့တွေလို ရှိုက်ထုတ်ပြစ်လိုက်တယ်🚬🚬 နောက်တစ်ယောက် ဘရန်ဒီတစ်ပုလင်းလို မြုချလိုက်တယ်🍾🍾 ဒါဆိုရင် အချစ်ဟာ ဘယ်လိုအရသာပါလဲ.....????