12

353 48 1
                                    

Zgy

Mine 12

အချုပ်ခန်းရဲ့ထောင့်နားမှာ ချန်းယောလ်က သွေးစတွေပေနေတဲ့လက်ဖဝါးနှစ်ဖက်နဲ့ ဘတ်ဟျွန်းမျက်နှာကို ဖွဖွကိုင်ရင်း

"အရမ်းနာနေမှာပဲ
တောင်းပန်ပါတယ်
ငါသာ ဒီထက်စောစောရောက်လာရင်"

ဆိုတဲ့ စကားကိုတွင်တွင်ဆိုရင်း မျက်လုံးတွေမှာ ကြမ်းတမ်းသွားလိုက်။  နူးညံ့သွားလိုက်။

"ချန်းယောလ် "

ချန်းယောလ်ရဲ့ တုန်နေတဲ့ လက်နှစ်ဖက်ကို ဘတ်ဟျွန်းလက်ဖဝါးနှစ်ဖက်နဲ့ထွေးကိုင်ရင်း သူ့နာမည်ကို ဖွဖွခေါ်တဲ့အခါ ချန်းယောလ်က မတည်မငြိမ်မျက်ဝန်းတွေနဲ့ ကြည့်လာတယ်။

နှစ်သိမ့်ပေးချင်လို့ ခေါ်လိုက်တာပေမယ့် သူက ဘတ်ဟျွန်းလက်ဆစ်တွေပေါက်ပြဲနေတာတွေကို ပွတ်သပ်ကာ သူ့အပြစ်မကင်းသလို စိတ်မကောင်းဖြစ်နေပြန်တယ်။

ချန်းယောလ်ရဲ့ အားနည်းရာ ရပ်ဝန်း ဟာ ဘတ်ဟျွန်းဖြစ်တယ်။

"ငါ့ကြောင့်
ငါသာစောစောရောက်လာခဲ့ရင်"

"ချန်းယောလ်လီ ....
ငါ့ကိုကြည့်
ငါအဆင်ပြေတယ် တွေ့လား ငါတကယ်အဆင်ပြေပါတယ်ဆို."

မျက်ရည်တွေလဲ့နေတဲ့ ချန်းယောလ် မျက်ဝန်းဝိုင်းဝိုင်းဟာ ဘတ်ဟျွန်းကို တွင်းနက်နက်ထဲမှာလို အဆုံးအစမဲ့ လမ်းပျောက်စေပါတယ်။

မငိုတတ်တဲ့ ချန်းယောလ် မျက်ဝန်းတွေဟာ ရင်ဘတ်တွေစုတ်ဖြဲခံလိုက်ရသလို နာကျင်စေတဲ့ လက်နက်ပဲ။

ညတွင်းချင်း ရောက်လာတဲ့ ဉီးလေးကြီးနဲ့ ရဲတွေ အကြေအလည်ပြောဆိုနေပေမယ့် နစ်နာသူဘက်က လက်ခံဟန်မပေါ်ပေ။ ဒါလဲ ကြိုတွက်ထားပြီးသားမို့ သိပ်တော့ မအံ့သြပေ။ ခံရတာ ဘတ်ဟျွန်းတောင် မကြည့်ရဲလောက်အောင် မဟုတ်လား။ တစ်ဖက်က နစ်နာသူရဲ့ အုပ်ထိန်းသူတွေကလဲ ကြေအေးပေးဖို့ အစီအစဉ် နည်းနည်းလေးတောင် ရှိဟန်မတူ။ ရှုပ်ထွေးနေတဲ့ စိတ်တွေထဲ ချန်းယောလ်ရဲ့ ပြိုမကျလာနိုင်ခဲ့တဲ့ မျက်ရည်တွေ​က အဆိုးဆုံးဖြစ်သည်။ မကြွေခဲ့တဲ့ အရည်တွေက အစိုင်အခဲဖြစ်သွားမှာ ဘတ်ဟျွန်းကြောက်ပါတယ်။ တခါတခါ စူးစူးရဲရဲလှမ်းကြည့်တတ်တဲ့ ချန်းယောလ်ရဲ့ မျက်ဝန်းတွေကို ပိုကြောက်ပါတယ်။

MINE(Completed)Where stories live. Discover now