Zgy
Mine 10
"အိုပါး.."
ဘတ်ဟျွန်းတို့ ကျောင်းမုန့်စားဆင်းချိန် အားကစားကွင်းနားမှာ ထိုင်နေတဲ့ အချိန်တွင်ဖြစ်သည်။
ကောင်မလေးတစ်ယောက်။
ဘတ်ဟျွန်းတို့နဲ့ ရွယ်တူလောက်ဖြစ်ဟန်တူသည်။ ဘတ်ဟျွန်းသောက်နေကြ ကိုလာဘူးလေး လက်ထဲမှာ ကိုင်ထားပြီး မရဲတရဲ မျက်နှာလေးက ခေါင်းငုံ့ထားတာမို့ ဆံပင်တွေနဲ့ ကွယ်နေသေးတယ်။"ဒါလေး အိုပါး အတွက်"
ဘတ်ဟျွန်း ရင်ဘတ်နားရောက်လာတဲ့ ကိုလာဘူး အနီရောင်လေး။
ဘတ်ဟျွန်း ရောင်ရမ်းယူလိုက်ရသည်။"အော အော
ကျေးဇူး.."ဘတ်ဟျွန်း လက်လွှဲယူလိုက်တာနဲ့ ပြုံးပျော်ကာ လှည့်ထွက်သွားတဲ့ ကောင်မလေး။
ပြီးနောက် တစ်ဆက်တည်း ဆွဲလုခံလိုက်ရတဲ့ ဘတ်ဟျွန်းလက်ထဲက အေးမြနေတဲ့ ကိုလာဘူး အနီရောင်လေး။"အခုကစပြီး မင်း ကိုလာမသောက်နဲ့"
ဖောက်ခနဲ ဖောက်ယူလိုက်တဲ့ ဘူးလေးရယ် တစ်မော့တည်း မော့ချလိုက်တဲ့ ချန်းယောလ်ရယ်။ ပြီးတော့ ဆိုဂျူသောက်ပြီးရင် ခွက်မှောက်သလိုမျိုး သူ့ခေါင်းပေါ်ကို မှောက်ချပြလာတဲ့ တစ်စက်တောင်မကျန်တော့တဲ့ ကိုလာဘူးရယ်။
ချန်းယောလ်က တစ်ခါတလေ အဲ့ဒီလို ထူးဆန်းတတ်ပါတယ်။"မင်း ကိုလာမကြိုက်ဘူး မဟုတ်ဖူးလား"
"အင်း"
"ဒါဆို ဘာလို့"
"အခုသောက်ချင်လာလို့
ပြီးတော့.."ဘတ်ဟျွန်း မျက်လုံးတွေထဲ စူးစိုက်ကြည့်နေတဲ့ ချန်းယောလ်မျက်ဝန်းဝိုင်းဝိုင်းတွေမှာ အလိုမကျမှုတွေ အထင်းသား။ ပြီးတော့ အမိန့်ဆန်မှုတွေ...
"ကောင်မလေး တစ်ယောက်ယောက်နဲ့ တွဲနေတယ်ကြားရင် မင်းကာတွန်းခိုးဖတ်နေတာ ဉီးလေးနဲ့တိုင်မယ်"
"မင်းလဲ အီစလီတွေ အများကြီးပဲလေ.."
"ငါတွဲရင်တောင် မင်းတော့မရဘူး"
"မင်းက မတရားတာပဲ"
"ဟုတ်တယ် မတရားဘူး
မင်းကငါ့အပိုင်မို့ ငါပြောတဲ့ အတိုင်းပဲ လုပ်ရမယ်"
YOU ARE READING
MINE(Completed)
Fanfiction**Mine** တစ်ယောက်က နာကျင်မှုကို စီးကရက်ငွေ့တွေလို ရှိုက်ထုတ်ပြစ်လိုက်တယ်🚬🚬 နောက်တစ်ယောက် ဘရန်ဒီတစ်ပုလင်းလို မြုချလိုက်တယ်🍾🍾 ဒါဆိုရင် အချစ်ဟာ ဘယ်လိုအရသာပါလဲ.....????