19

319 42 1
                                    

Zgy..

Mine 19

အိပ်ရင်းမက်တဲ့ အိမ်မက်တွေက လက်တွေ့ဖြစ်နိုင်ခြင်း ဘယ်နှရာခိုင်နှုန်းရှိပါသလဲ???

လေ့လာတွေ့ရှိချက်အရ အိမ်မက်အများစုရဲ့ သက်ရောက်မှုဟာ တွေးနေတဲ့ အတွေးနဲ့ 90% သက်ဆိုင်ပါတယ်တဲ့။

ဒါဘတ်ဟျွန်း ဖတ်မိတဲ့ စာအုပ်တစ်ခုထဲက တွေ့ရှိချက်ဖြစ်တယ်။ ဒါဆိုရင် အိပ်ရာကနိုးချိန်မှာ ချန်းယောလ် ပျောက်ကွယ်သွားတယ်ဆိုတဲ့ အိမ်မက်ကို ဘတ်ဟျွန်းယုံကြည်မိလို့လား။ တကယ်ဆို စိုးရိမ်ခဲ့တာပါ။ ချန်းကိုမယုံတာမဟုတ်ပဲ ကံကြမ္မာကိုမယုံတာမို့ ချန်းယောလ်သာ အဲ့ဒီလိုတကယ်ပျောက်ဆုံးသွားရင်ဆိုပြီး ပူပန်ခဲ့တာပဲ ရှိတာပါ။

တကယ်လို့များ ဘတ်ဟျွန်းက အိမ်မက်ကိုပြောင်းပြန်ယူပြီး ချန်းယောလ်က ဘတ်ဟျွန်းအနားမှာအမြဲရှိနေမှာဆိုပြီး ယုံကြည်လိုက်ရင်ရော ချန်းယောလ်က ဘတ်ဟျွန်းနားမှာတကယ်ဆက်ရှိနိုင်မှာလား။

ဘတ်ဟျွန်းက အဲ့ဒီလို တခါတခါ ကိုယ့်ကိုကိုယ်အပြစ်တင်လိုက်
တခါတ​လေတော့လဲ ကတိအထပ်ထပ် တောင်းခဲ့ရဲ့နဲ့
အသိပေးပြီးထွက်သွားဖို့လေးပဲ တောင်းဆိုခဲ့တာတောင် ဒီလိုအရူးဖြစ်အောင် ချန်ထားခဲ့ရလားဆိုပြီး ချန်းယောလ်ကို နာကျည်းမိလိုက်။
အဲ့လိုဘတ်ဟျွန်းဟာ ချန်းယောလ်မရှိတဲ့ အခန်းငယ်ထဲမှာ အိပ်စက်ဖို့ကိုကြောက်လာခဲ့တယ်။ ကုတင်ဘေးနေရာဟာ ပိုင်ရှငိမရှိတော့ဘူးဆိုတဲ့အသိဟာ ရင်ဘတ်ထဲက ဆူးချွန်ချွန်တွေကို ခပ်ဆတ်ဆတ် ဆွဲနှုတ်နေသလိုပဲ။

ကျောင်းသွားချိန်တွေမှာ ချန်းယောလ်မရှိတော့တဲ့နောက်မှာ ဘတ်ဟျွန်း ကျောင်းလမ်းကို ခြေမချမိတော့ဘူး။ ပြီးတော့ အဲ့ဒီနှစ်ရဲ့ စာမေးပွဲကိုလဲ ဘတ်ဟျွန်းသွားမဖြေဖြစ်တော့ဘူး။ ဘတ်ဟျွန်းဟာ ချန်းယောလ်နဲ့ အတူရှိခဲ့ဖူးတဲ့ အခန်းထောင့်လေးမှာကပ်လို့ သူသောက်တတ်အောင်သင်ပေးဖူးတဲ့ စီးကရက်တွေကြီးပဲ အဆက်မပြတ်သောက်နေမိတာ ဘယ်နှရက်မှန်းမသိဘူး။ အိပ်မရတဲ့ ညတွေတိုင်းရော ပါးချိုင့်နက်နက်တွေနဲ့ ပုံရိပ်ရောင်တွေ ဘတ်ဟျွန်းရှေ့ရောက်လာတိုင်းရော ဘတ်ဟျွန်းက စီးကရက်ငွေ့တွေ ဖမ်းဆုပ်ကြည့်ရင်း ရယ်ပစ်လိုက်တယ်။
ချန်းယောလ်ဟာ စီးကရက်ငွေ့တွေလိုပဲ ဖမ်းဆုပ်လို့မရစွာ လေဟာနယ်ထဲ ပျံ့ကျဲသွားတယ်။

MINE(Completed)Where stories live. Discover now