25

436 41 0
                                    

Zgy

Mine 25

ဒီနေ့ ဘတ်ဟျွန်းတို့ L.A ကနေ ခရီးဆက်မှာဖြစ်တယ်။ ဘတ်ဟျွန်းကသူ့ရဲ့ တစ်ကိုယ်ရေစာအခန်းလေးထဲကနေ ထွက်လာချိန်ဟာ မနက်ခင်းလေးနာရီ။ ပင်လယ်ဇင်ယော်တွေ နိမ့်နိမ့်ပျံနေတာကြောင့် ဒီနေ့မိုးရွာလောက်မလား။ အိပ်လို့မပျော်တတ်ခဲ့တဲ့ ညတွေဟာ ထူးထူးဆန်းဆန်း ဒီနေ့တော့ ၅ နာရီနီးပါး အိပ်ပျော်သွားတာ ဘယ်သူ့ပယောဂနဲ့လဲ ဘတ်ဟျွန်း မစဉ်းစားချင်တော့ဘူး။ မင်းကတော့ အဆင်ပြေနေတယ် မဟုတ်လား။

အကြိမ်ကြိမ် မေးချင်ခဲ့စကားသံဟာ ရင်ထဲမှာ ပဲ့တင်သံထပ်နေပေမယ့် ဘတ်ဟျွန်း မမေးဖြစ်ဘူး။ ဘာဖြစ်လို့ ထားသွားတာလဲ။
သံသရာတစ်လျှောက်ထမ်းပိုးလာတဲ့ ထိုမေးခွန်းရဲ့ အဖြေကို ဘတ်ဟျွန်း နားထောင်နိုင်ဖို့ ခွန်အားမရှိသေးဘူး။
မင်းတော့ အဆင်ပြေနေသလား။
ငါတော့ တကယ်ကို နေရတာ မပျော်ဘူး ချန်း။။

ဘတ်ဟျွန်းကိုင်ထားတဲ့ လက်ရန်းနားမှာ ဝဲပျံနေတဲ့ ပင်လယ်ဇင်ယော်တွေမှာ ထမ်းပိုးထားရခြင်း ကင်းမဲ့စွာ လွတ်လပ်နေမလား။ ငါတော့ မင်းဆီကနေ ဘယ်တုန်းကမှ မလွတ်မြောက်ချင်ခဲ့ပဲ ဘာလို့များ ရက်စက်ကြတာလဲ။
ငါတို့တွေ ဘယ်ထိဝေးကြမှာလဲ။

ဘတ်ဟျွန်းဆံသားတွေထဲ လက်ထိုးဖွတော့မှ ပင်လယ်ရေနဲ့ ကြိမ်ဖန်များစွာထိတွေ့နေရတဲ့ ဆံပင်ရှည်တွေဟာ ကြမ်းဖွာလို့။ တဆက်တည်းမှာပဲ ပိပြားသေသပ်တဲ့ ဆံနွယ်တိုတို့ ဖီးသင်ထားတဲ့ မျက်နှာလှလှ။ ငါမင်းကို တကယ်...

ညှပ်ရမယ်လို့ စိတ်ကူးကာ ဘတ်ဟျွန်းလှည့်ထွက်လိုက်ချိန်မှာ ဆိပ်ကမ်းပေါ်က အရိပ်တစ်ခုဟာ မသဲမကွဲ ဝင်လာတယ်။ ဘတ်ဟျွန်းကိုကျောပေးထားတဲ့ တစ်စုံတစ်ယောက်ရယ် ဘတ်ဟျွန်းဘက်ကို မျက်နှာမူပြီး တစ်ခုခုပြောနေတဲ့ ကင်ဉီးလေးကြီးရယ်။ ဝေဝေဝါးဝါးပုံရိပ်ဟာ ဘတ်ဟျွန်းဆီ တည့်တည့်လှည့်ကြည့်လာတဲ့အခါမှာ ဘတ်ဟျွန်းရဲ့ မညာတတ်တဲ့ နှလုံးသားလေးမှာ တဆတ်ဆတ်တုန်လို့။

ချက်ချင်း ကျောလှည့်လိုက်ပေမယ့် ကပ်ညှိလာတဲ့ မျက်ဝန်းနက်တွေဟာ ပျောက်ကွယ်မသွား။ မင်းငါ့ကို ဘယ်အထိပြုစားမှာလဲ ချန်းယောလ်။ ဘယ်လောက်ထိ အရူးရင့်အောင် ပြုစားပြီးရင် ထပ်ထားခဲ့မှာလဲ။ ဒီတစ်ခါ ငါရှင်သန်နိုင်သေးပေမယ့် နောက်တစ်ခါဆ်ုပြီး စဉ်းစားမိလိုက်ရင် ငါအသက်ရှူလို့တောင် မရတော့ဘူးချန်း။

MINE(Completed)Where stories live. Discover now