13

359 42 0
                                    

Zgy

Mine 13

"ဘတ်ဟျွန်း"

"ဟင်"

"တောင်းပန်ပါတယ်"

"ဟင့်အင်း"

"ချစ်တယ်"

ရင်အုံငွေ့နွေးနွေးမှာ အိပ်ပျော်လုနီးပါးဖြစ်နေတဲ့အချိန်မှာ အသံပြောင်းစပြုနေတဲ့ ချန်းယောလ်ရဲ့ အသံခပ်သြသြဟာ ချိုမြနေခဲ့တယ်။

အဲ့ဒီညက အေးတယ်။
ဒါပေမယ့် သူ့ကြောင့် နွေးပါတယ်။

"အင်း"

ထို့နောက် ဘတ်ဟျွန်းက လုံးဝ အိပ်မောကျခြင်းဆီသို့ ကူးပြောင်းသွားတယ်။

အဲ့ဒီနေ့က ဒီဇင်ဘာ ၁၆ ရက်နေ့။

*****

ဘတ်ဟျွန်းနိုးတော့ ကုတင်ရဲ့တစ်ဖက်ခြမ်းမှာ အိပ်နေတဲ့ ချန်းယောလ်ရှိမနေဘူး။ လက်နဲ့စမ်းကြည့်လိုက်တဲ့ နေရာတိုင်းမှာ အနွေးဓာတ် မရှိနေဘူး။ အေးစက်နေတဲ့ ဆောင်းတွင်းမနက်ခင်းကြီးထဲ နိုးထလာတာ ဘတ်ဟျွန်းတစ်ယောက်တည်း။

အပြင်ဘက် ဧည့်ခန်းလောက်ဆီမှာ အသံအနည်းငယ်ဆူညံနေတယ်။ ဉီးလေးကြီးအသံ တစ်ချက်တစ်ချက် ကြားသလို ချန်းယောလ်အသံ တိုးတိုးလဲ ရှိနေတယ်။ ပြီးတော့ ပြတ်သားမာထန်နေတဲ့ မိန်းမအသံ တစ်ခုရယ်။

တဖြေးဖြေး ခြေကိုဖွလျောက်ပြီး တံခါးနားမှာ နားကိုကပ်လိုက်တယ်။ အသံတွေက တိုးသွားလိုက် ကျယ်သွားလိုက်။ ချန်းယောလ်ကရော ဘာကို ပြောနေလဲ ။ ပြီးတော့ ဘာလို့ တိုးလျနေရသလဲ။ ဘာသံမှ ​သေချာမကြားရတာကြောင့် ဘတ်ဟျွန်း တံခါးလက်ကိုင်ဘုကို လှည့်လိုက်တယ်။

သို့သော်....
ထင်ထားသလို တံခါးက ပွင့်သွားခြင်းမရှိ။ မျက်မှောင်ကုပ်ချိုးကျသွားကာ ထပ်ဖွင့်ကြည့်တယ်။ မရပေ။ ဘယ်နှခါ အတည်ပြုပြု တံခါးက အပြင်ကနေ လော့ချထားခဲ့တာ။

ဘာလို့ပါလိမ့်။ ဘာဖြစ်လို့ပါလိမ့်။

မဟုတ်မှ။
မနေ့က ကိစ္စကြောင့်များလား။
ဟိုဘက်က မကျေနပ်လို့များ အိမ်ထိ လိုက်လာကြတာလား။ ချန်းယောလ်ကိုများ တစ်ခုခုလုပ်ကြမလို့လား။
ဒီလိုဆိုမဖြစ်ဘူး။
ချန်းယောလ်ကိုတော့ အထိအခိုက်မခံနိုင်ဘူး။

MINE(Completed)Where stories live. Discover now