22

337 39 0
                                    

Zgy.

Mine 22

"ဟျွန်းနီးးး..."

ဘတ်ဟျွန်း မျက်ဝန်းအိမ်တွေ အစမတန်ကျယ်ဝန်းသွားမှုနဲ့အတူ
ထိုသူ့မျက်ဝန်းညိုတွေမှာတော့ စိုစွတ်လျှက်
နှုတ်ခမ်းက နွေးထွေးသံနဲ့အတူ စိုစွတ်မျက်ဝန်းတွေ ရဲရဲနီလျှက်

"နောက်ဆုံးတော့ မင်းကိုရှာတွေ့ပြီ" တဲ့...

ရုတ်တရက် ရင်ဆိုင်ရမှုမှာ ဘတ်ဟျွန်းကိုယ်တိုင် ကျောက်ရုပ်တစ်ခုလို။
ဒါပေမယ့်လဲ နှစ်ပေါင်းများစွာ ခံစားချက်မဲ့စွာ ရှင်သန်ခဲ့တာမို့ သူက ဘတ်ဟျွန်းမျက်နှာကို ဖတ်တတ်မှာ မဟုတ်လောက်ဘူး ...

စူးစိုက်ကြည့်မိတဲ့ ချန်းယောလ်မျက်ဝန်းတစ်စုံမှာ မျက်ရည်တွေနဲ့ စိုလဲ့ လို့...

"ငါမင်းကို မုန်းလိုက်တာ..."

ဘတ်ဟျွန်းရဲ့ အေးစက်စက်ရေရွတ်သံနောက်မှာ ဘတ်ဟျွန်းပုခုံးပေါ် တင်ထားတဲ့ ချန်းယောလ်ရဲ့လက်တစ်စုံဟာ အရုပ်ကြိုးပြတ်။ ထိတ်လန့်တကြား တစ်လှမ်းဆုတ်သွားတဲ့ ခြေလှမ်းတစ်စုံ...
အဲ့ဒီနေါက်မှာတော့ ဘတ်ဟျွန်းဟာ ချန်းယောလ်ကြားရလောက်အောင် ကျစ်ခနဲ စိတ်ပျက်စွာ စုတ်သပ်ပြီးနောက်မှာ ချာခနဲလှည့်ထွက်ခဲ့လိုက်တယ်...

**အရူးလိုကောင်**

ဘတ်ဟျွန်းရဲ့ ခြေလှမ်းကျဲကြီးတွေနောက်မှာ တစ်လျှပ်လျှက်ဖြတ်တိုက်နေတဲ့ ရှူးဖိနပ်သံဟာ မလှမ်းမကမ်းကနေ ပါလာတယ်။

ဟက် ဘာအထာလဲ ချန်းယောလ်..

မင်းက မင်းမဟုတ်သလို စိုလဲနေတဲ့ မျက်ဝန်းတွေကရော ဘာလဲ
ခုလို ခိုးကြောင် ခိုးဝှက်ပြုမူနေတာတွေကရော ဘာလဲ

ငါတကယ်မုန်းလိုက်တာ...

ပြောစမ်းပါဉီး
ငါက မင်းအပိုင်လို့
ဟစ်ကြွေးလိုက်စမ်းပါ
ငါဆိုတာ မင်းတစ်ယောက်တည်းအတွက်လို့

ဘာလဲ သတ္တိမရှိတော့ဘူး
အရင်ကလို မရဲဝံ့တော့ဘူးလား
ဒါဆို မင်းပြုတဲ့ ကံ ပဲ ချန်းးးး

ဘတ်ဟျွန်းက အရူးလို ရောက်တတ်ရာရာလျှောက်နေတဲ့နောက်ကို ထပ်ကြပ်မကွာ လျှောက်လိုက်နေတဲ့ အရူးလေးရဲ့ အမည်နာမဟာ ပတ်ချန်းယောလ်လို့ ခေါ်ပါတယ်...

MINE(Completed)Onde histórias criam vida. Descubra agora