23

327 40 2
                                    

Zgy

Mine 23

နိုးထလာချိန်မှာ မနက်ခင်းနေရောင်ဟာ ဘတ်ဟျွန်းမျက်နှာပေါ် ခပ်နွေးနွေးဖြာကျနေပြီ။ နွေးထွေးတတ်တဲ့ မြို့တွေဆို ဘတ်ဟျွန်းတကယ်ကို သဘောကျတာမို့ သေချာပေါက် ဘတ်ဟျွန်းရဲ့ မျက်လုံးတွေ မဖွင့်သေးတဲ့ မျက်နှာပေါ်မှာ အပြုံးတစ်ပွင့်နေရာယူနေလိမ့်မည်။

L.A ရဲ့ မနက်ခင်းနေရောင်ဟာ ပူပြင်းလွန်းတယ်လို့မရှိပဲ တကယ်ကို နေလို့ကောင်းအောင် နွေးထွေနေတာမျိုး။ အပျင်းဆန့်လို့ ဘတ်ဟျွန်းကုန်းထလိုက်တော့ ဟိုတယ်ခန်းလို့ထင်ရတဲ့ အခန်းတစ်ခုထဲမှာ..

ညကပုံရိပ်တစ်ချို့ ခေါင်းထဲအစီအရီပြန်ဝင်လာတော့ မူးနောက်နောက်ခေါင်းတောင် လန့်ပြီးပျောက်သွားလား ထင်ရလောက်အောင်။ သူအခု မဟုတ်မှလွဲရော...

"နိုးပြီလား.."

တသိမ့်သိမ့်စီးဆင်းသွားတဲ့ နွေဉီးစမ်းချောင်းလေး။ နစ်ဝင်သွားတဲ့ ပါးခြိုင့်နက်နက်မှာ နေရောင်တွေခိုအောင်းနေကြတာ မနာလိုချင်စရာ။ အနက်ရောင်ဆံသားတွေ ပင့်တင်ထားတဲ့အတိုင်း သေသပ်နေပုံဟာ မဟာဆန်ဆန်။

အေပရွန်ဝတ်လို့ လှမ်းဝင်လာတဲ့ ရင်အုပ်ကျယ်ကျယ်
အားကစားလုပ်ထားမှန်းသိသာစေတဲ့ အဖြူရောင် ချည်သားအင်္ကျီလေးအောက်က abs တွေ။
ဘတ်ဟျွန်း ယောင်ယမ်းပြီး ဆံပင်တွေဆီ လက်ကိုင်မိတော့ ကြမ်းတမ်းစေးပိုင်နေတဲ့ ဆံပင်ရှည်တွေ။
သိမ်ငယ်စိတ်ဟာ ကျောရိုးတစ်လျှောက် တစ်စိမ့်စိမ့်တက်လာတာ နာနာကျင်ကျင်။
မင်းကတော့ အမြဲ တောက်ပနေတဲ့ တစ်ဘက်ခြမ်းမှာ ပါပဲလား...

"မနေ့က သောက်ထားတာကြောင့် ခေါင်းနောက်နေမှာစိုးလို့ ဒါလေးသောက်လိုက်.."

"မလိုဘူး.."

လက်ကောက်ဝတ်ကို ဖယ်လိုက်တာပေမယ့် အားပါသွားတဲ့အရှိန်ကြောင့် အပြာရောင် အိပ်ရာခငိးပေါ်မှာ သံပုရာရည်တွေ ဖိတ်စင်သွားတာ အရှိန်လွန်စွာ။
အားနာစိတ်ဖြစ်သွားတာအမှန်ပေမယ့် ကရုမစိုက်စွာပဲ ဘတ်ဟျွန်းက ကုတင်ပေါ်က ဆင်းလိုက်တယ်။

လစ်လပ်သွားတဲ့ စောင်ရဲ့နွေးထွေးမှုအလွန်မှာ ဟာလာဟင်းလင်းဖြစ်နေတဲ့ အပေါ်ပိုင်းရယ် ဘောင်းတီတိုလေးတစ်ထည်သာကပ်တဲ့ အောက်ပိုင်ရယ်။
ရှက်စိတ်ဟာ ငယ်ထိပ်အထိ သွေးကြောတွေ တဖျစ်ဖျစ်မြည်တဲ့အထိ။

MINE(Completed)Where stories live. Discover now